ရှေးဟောင်းမျောက်မနှင့် အခြားအက်ဆေးများ ၂၀၁၉

ကြွက်နဲ့ခွေး

အက်ဆေး

၁၄.၀၂.၂၀၂၃

ကြွက်နှင့်ခွေး မနေ့ညက ၁၂ နာရီလောက်တွင် ကြွက်လှောင်အိမ်ထောင်ချက်ထဲ ကြွက်တကောင် မိသည်။ ငါးပေါက်စကို ချိတ်ထားသော သွပ်နန်းကြိုးကို ကြွက်က လှမ်းဆွဲလိုက်သောအခါ လှောင်အိမ်တံခါး၏ ဗြုန်းခနဲ ပိတ်သွားသံသည် ၎င်းကြွက်အား အလွန့်အမင်း ထိတ်လန့်ကြောက်ရွံ့သွားစေမည် ထင်သည်။ ၎င်းအသံကြောင့် ကျနော်သည် စာဖတ်နေရာမှ ထ၍ လှောင်အိမ်ကိုကြည့်သောအခါ ကြွက်သည် လှောင်

ကဗျာ

လင်းခါး
သီချင်း
၂၇.၀၄.၂၀၂၃

သီချင်း


တစ်ယောက်နဲ့တစ်ယောက် လွဲခဲ့ကြတာကိုက

တစ်ယောက်နဲ့တစ်ယောက် နမ်းခဲ့ကြတာကို

ပြန် အမှတ်ရစေ

စကတည်းက မတွယ်ငြိရင်ကောင်းမှာ

ကြွေတော့မှ မြင်တဲ့ အလင်းနဲ့ငါ ရေစက်ကုန်သလိုလား

တစ်ပင်လုံးကြွေမှ သစ်ခြောက်ပင်ဟာ

အလွမ်းတေးမှန်းသိ

တစ်ပင်လုံးဝေမှ ကိုယ့်ကိုယ်ကိုယ်

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်_လင်းခါး
ခေတ်ကရိုက်စစ်တော့ ကဗျာတွေထွက်လာတယ်
၂၇.၀၄.၂၀၂၃

ခေတ်ကရိုက်စစ်တော့
ကဗျာတွေ ထွက်လာတယ်


တစ်ပတ်တိတိ ဝါကျတစ်စက်မှ
မတိုက်ဘဲ ထားလိုက်တော့ နုံးခွေလာတယ်
အရေပြားတွေ ခြောက်လာတယ်။

ဘာမှရေးမထားတဲ့ စက္ကူအညိုနဲ့ အိတ်လုပ်ပြီး
မျက်နှာကို စွပ်ထားတော့
စကားလုံးရှူရတာ မဝတော့ဘူး
မွန်းလာတယ်။

တစ်ချက်တစ်ချက် နံရံအပြင်က
သီချင်းသံလွင့်ပျံကြားရတတ်ပေမယ့်
တီးလုံးချည်းသက်သက်ရယ်
စာသား မပါဘူး။

ကြိယာနဲ့ ဖြတ်ရိုက်တာ ခံရပါများတော့
မျက်ခွက်မှာလည်း
နာမဝိသေသနထပ်နေပြီ။
နံကြားမှာလည်း နာမ်စားတွေ
အုပ်စုလိုက် ပစ်ပစ်ကန်လွန်းလို့ သမ္ဗန္ဓတွေ စွဲထင်လို့။
သတိကလည်း ရတစ်ချက် မရတစ်ချက်
ဝိဘတ် ကြောတွေ ပြတ်ထွက်တော့မလား။

ခေတ်က လူပြောင်းပြောင်းပြီး
အနုနည်းနဲ့ စစ်တယ်၊
အကြမ်းနည်းနဲ့စစ်တယ်။
စစ်ဖိနပ်နဲ့ စစ်တယ်၊
တစစ်စစ်ကိုက်သလို စစ်တယ်၊
မူလီရစ်သလို စစ်တယ်၊
ကကြီးကနေ အ အထိ စစ်တယ်၊
သရတွေကိုပါ စစ်တယ်၊
ခံနိုင်ရည်ဟာ ကြာတော့
ဗျည်းတွေရွေ့သလို အကျဘက်ကို ရွေ့လာတယ်။

နောက်ဆုံးတော့ ချွေးပေါက်တွေကနေ
စိမ့်ထွက်သလိုထွက်လာ
နှုတ်ခမ်းကနေ သွေးတပွက်ပွက်ထသလို ထွက်လာ
အက္ခရာတွေ ထွက်လာတယ်
မျိုသိပ်ထားရတဲ့ ကဗျာတွေ။ ။

လင်းခါး
၄-၄-၂၀၁၄

စကားပြေအရေးအသား

လေပရဝုဏ်
လေပရဝုဏ် ၂
၁၈.၀၂.၂၀၂၃
လေပုရဝဏ် ၂ သူငယ်ချင်းတယောက်က ပြောတယ်။ ငါရောက်တာ လေးလရှိပြီ။ လမ်းကြိုလမ်းကြား၊ တဦးနဲ့တဦးကြား နှံ့လို့ လောင်းရဲတယ် သူငယ်ချင်း ဒီမှာ ပျော်စရာ မရှိတာ သေချာတယ်ကွာ တဲ့။ အဲဒီအချိန်ရှေ့မှာ နဂံခြားသူ ဆယ်ကျော်သက်မလေး သုံးယောက် အိမ်ရှေ့က ဖြတ်သွားရင်း တယောက်က ငါ့ကို ကြည့်ရင်း ပြုံးသွားတယ်။ နှာခေါင်းစည်းအောက်က အပြုံးဆိုပေမယ့် သိသာထင်ရှားတယ်။ ဒါပေမယ့် အဓိပ္ပါယ်က ဝေခွဲရခက်။ ငါလဲ ကွဲကွဲနဲ့ ပျော်စရာမရှိတာ သေချ

အက်ဆေး

ရှေးဟောင်းမျောက်မ-တီရှပ်မြစ်
ရေသေအိုင်ရောက် အမှတ်တရ
၁၄.၀၂.၂၀၂၃
● ရေသေအိုင်ရောက် အမှတ်တရ ကျနော့်မှာ နားနေချိန်ရယ်လို့မရှိတာ တနှစ်လောက်တောင် ရှိသွားပြီ။ ကျနော် အမြဲတမ်းအားနေတာ ကျနော့်အလုပ်က ကလေးထိန်းတာ စာဖတ်တာနဲ့ လျှောက်တွေးတာ ဒါပဲရှိတယ်။ အမြဲတမ်းအားနေတော့ အမြဲတမ်းက နားနေချိန်လို ဖြစ်နေတော့ နားနေချိန်ဆိုတဲ့ အလုပ်လုပ်စရာ တပြုံတခေါင်းကြီးကို ပြီးအောင်လုပ်ပြီး အလုပ်တွေတော့ပြီးပြီ အေးအေး ဆေးဆေး အနားယူပစ်မယ်ဆိုတာမျိုးမရှိတော့။ နားနေချိန်အရသာဆိုတာကို မသိတော့ဘူးလေ

ဗွီဒီယိုများ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.