အက်ဆေး

ရှေးဟောင်းမျောက်မ-တီရှပ်မြစ်
ရေသေအိုင်ရောက် အမှတ်တရ
၁၄.၀၂.၂၀၂၃

● ရေသေအိုင်ရောက် အမှတ်တရ ကျနော့်မှာ နားနေချိန်ရယ်လို့မရှိတာ တနှစ်လောက်တောင် ရှိသွားပြီ။ ကျနော် အမြဲတမ်းအားနေတာ ကျနော့်အလုပ်က ကလေးထိန်းတာ စာဖတ်တာနဲ့ လျှောက်တွေးတာ ဒါပဲရှိတယ်။ အမြဲတမ်းအားနေတော့ အမြဲတမ်းက နားနေချိန်လို ဖြစ်နေတော့ နားနေချိန်ဆိုတဲ့ အလုပ်လုပ်စရာ တပြုံတခေါင်းကြီးကို ပြီးအောင်လုပ်ပြီး အလုပ်တွေတော့ပြီးပြီ အေးအေး ဆေးဆေး အနားယူပစ်မယ်ဆိုတာမျိုးမရှိတော့။ နားနေချိန်အရသာဆိုတာကို မသိတော့ဘူးလေ

ရှေးဟောင်းမျောက်မနှင့် အခြားအက်ဆေးများ ၂၀၁၉
ကြွက်နဲ့ခွေး
၁၄.၀၂.၂၀၂၃

ကြွက်နှင့်ခွေး မနေ့ညက ၁၂ နာရီလောက်တွင် ကြွက်လှောင်အိမ်ထောင်ချက်ထဲ ကြွက်တကောင် မိသည်။ ငါးပေါက်စကို ချိတ်ထားသော သွပ်နန်းကြိုးကို ကြွက်က လှမ်းဆွဲလိုက်သောအခါ လှောင်အိမ်တံခါး၏ ဗြုန်းခနဲ ပိတ်သွားသံသည် ၎င်းကြွက်အား အလွန့်အမင်း ထိတ်လန့်ကြောက်ရွံ့သွားစေမည် ထင်သည်။ ၎င်းအသံကြောင့် ကျနော်သည် စာဖတ်နေရာမှ ထ၍ လှောင်အိမ်ကိုကြည့်သောအခါ ကြွက်သည် လှောင်အိမ်အတွင်း ကြောက်လန့်တကြား ပြေးလွှားနေရာမှ ရပ်၊ ငြိမ်သက်လျက်

နွေနေလယ်၌ ဆောင်းဝင်စားသူ၏ ဘဝဇာတ်ကြောင်း
နွေနေလယ်၌ ဆောင်းဝင်စားသူ၏ ဘဝဇာတ်ကြောင်း
၁၂.၀၂.၂၀၂၃

နွေနေလယ်၌ ဆောင်းဝင်စားသူ၏ ဘဝဇာတ်ကြောင်း ကျနော် အမြဲသွားနေကျလမ်းမှာ ဆိုင်ထဲရှိနေသမျှကာလကလေးမှာတော့ အပြင်လောကနဲ့အဆက်အသွယ်ဖြတ်ထားမယ်လို့ ဆုံးဖြတ်ထားပုံရတဲ့ လူတွေရဲ့ အရက်ဆိုင်ကလေးတဆိုင်ရှိတယ်။ တံခါးက ခေါက်လို့ရတဲ့ သွပ်တံခါးတွေနဲ့၊ အရောင်ကိုတော့ အပြာရောင် သုတ်ထားတယ်။ သို့ပေမယ့် ဘယ်တော့မှ ရှိသမျှတံခါးအကုန်ဖွင့်ထားတယ်လို့ တခါမှ မမြင်ဖူးဘူး။ တံခါးတချပ်လောက်ကိုပဲ ခပ်ဟဟဖွင့်ထားလေ့ရှိတယ်။ ကျနော်ကလဲ စပ်စုတ

လူအုပ်ထဲကအထီးကျန်မှု အက်ဆေ�းများ
ဒေါ်စတိုယက်စကီရဲ့ယင်ကောင်
၀၆.၀၂.၂၀၂၃

ဒေါ်စတိုယက်စကီရဲ့ ယင်ကောင် ၀ါဒတွေအကြောင်းကတော့ ပျင်းစရာကောင်းတဲ့ ၀ါကျတွေနဲ့ တည်ဆောက်ထားတာမို့ ဘယ်တုန်းကမှ တမျက်နှာကျော်အောင် ဖတ်ချင်စိတ်မရှိခဲ့လို့ ရေရေရာရာမသိပါဘူး။ ဒါပေမယ့် ကျနော်ဟာ တခါတရံ ကိုယ့်ဘာသာကိုယ် ငါတော့ ငကြောင်ပဲလို့ အတွေးဝင်မိတယ်။ အနည်းငယ်စီ လက်ခံထားတဲ့ ၀ါဒတွေ အများကြီးနဲ့ပေါ့။ ဘာသာတရား ယုံကြည်ကိုးကွယ်မှုကလည်းရှိနေ၊ ဖြစ်တည်မှုပဓာနဝါဒီလည်း ဖြစ်ချင်ဖြစ်နေတတ်၊ လူတန်းစားအသိစိတ်ကလာတဲ့

ရှေးဟောင်းမျောက်မ-တီရှပ်မြစ် အက်ဆေးများ
အိပ်မက်ထဲကခွေးတွေ
၀၆.၀၂.၂၀၂၃

အိပ်မက်ထဲက ခွေးတွေ ကျနော် ခွေးတွေကိုချည့်ပဲ ဆက်တိုက် အိပ်မက်မက်နေတာ နှစ်လလောက်ရှိပြီ။ ဘာဖြစ်လို့မှန်းလည်း မသိဘူး။ အိပ်မက်မက်လိုက်တိုင်း ခွေးတွေက ပါပါလာတယ်။ တခါတလေဆိုရင် အိပ်မက်မက်နေရင်းနဲ့ကို အိပ်မက်ထဲမှာ ခွေးမပါသေးမှန်း သတိရပြီး ခွေးတကောင်ကောင်များ တွေ့ရလေမလားလို့ ကျနော်က ရှာနေသေးတာတဲ့။ ခွေးတွေကလည်း တနည်းနည်းနဲ့တော့ ပါလာတာပဲ။ ကျနော့် အိပ်မက်တွေနဲ့ ခွေးတွေ ဘယ်လိုပတ်သက်နေသလဲ မသိဘူး။ ပထမ တလလောက်

scraplk
တောင်တန်း ချိုင့်ဝှမ်း လွင်ပြင်
၀၅.၀၂.၂၀၂၃

#scraplk စိတ်အပြောင်းအလဲမြန်တာ ကောင်းမကောင်း မသိပေမယ့် ငါက အတော့်ကို စိတ်အပြောင်းအလဲမြန် တဲ့ကောင်။ လွယ်လွယ်ကူကူနဲ့ကို ပြောင်းလဲတာ။ ဘာမဟုတ်တဲ့ အပရိကလေးတွေနဲ့တောင် စိတ်ထဲ လှိုက်လှိုက်လှဲလှဲဖြစ်ပြီး ဂငယ်ကွေ့ချိုးကွေ့ချင်လိုက်တာမျိုး ခဏ ခဏဖြစ်တယ်။ ဘာမဟုတ်တဲ့ အကြောင်း ကလေးတွေဆိုတာကလည်း နေ့စဉ်ဘ၀မှာ ဖြတ်သွားဖြတ်လာ စီးကရက်မီးညှိရင်း၊ ရေနွေးငှဲ့သောက်နေရင်း ကြုံတတ်တာတွေပဲလေ။ ကားစီးရင်း၊ ရထားစီးရင်း ဘေးတလ

လူအုပ်ထဲကအထီးကျန်မှု
ဟိုးဝေးဝေးက လေရဟတ်
၀၄.၀၂.၂၀၂၃

ဟိုးဝေးဝေးက လေရဟတ် အရင်တုန်းက နေခဲ့ဖူးတဲ့ အိမ်ရဲ့ ရှေ့မှာတော့ ကြည့်စရာက ဂိုဒေါင်ကြီးတလုံးပဲရှိတယ်။ ကတ္တရာပုံးအဟောင်းတွေကို ပြားပြီး အမိုးမိုး၊ ပတ်ပတ်လည်ကာ။ ဂိုဒေါင်တခုလုံးကို ကတ္တရာပုံးအဟောင်းတွေနဲ့ချည့် လုပ်ထားတာဆိုတော့ ဂိုဒေါင်ကြီးက မဲမဲခြောက်ခြောက်ကြီးပေါ့။ အပြင်ဘက်ကကြည့်ရင် မဲခြောက်ခြောက်ပဲ ဆိုပေမယ့် ဂိုဒေါင်ထဲမှာ ထားတဲ့ပစ္စည်းတွေက ဘိလပ်မြေအိတ်၊ သံချောင်း စတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတ

လူအုပ်ထဲကအထီးကျန်မှု
လစ်တမတ်စက္ကူပေါ်က ဘီလူးပုံ
၀၄.၀၂.၂၀၂၃

လစ်တမတ်စက္ကူပေါ်က ဘီလူးပုံ lkessayden 67 ပြောင်းလဲသွားကြတဲ့ လူတွေကို ကြည့်ရင်းက မအံ့သြဘူးဆိုပေမယ့် နည်းနည်းတော့ တွေတွေဝေဝေ ဖြစ်မိတယ်။ နှစ်များစွာကြာတော့ လူတွေဟာ ပြောင်းလဲကုန်ကြတယ်။ တချို့ လပိုင်းလောက်နဲ့တင် ကိုယ်တံထွေးကိုယ် ပြန်မြိုကြတာ။ ယုံကြည်ချက်တွေ ပြောင်းပြန်ဖြစ်ကုန် ကြတယ်။ ယုံကြည်ချက်တွေ ပြောင်းပြန်ဖြစ်ကုန်တော့ ပြောတဲ့စကားတွေကလည်း ပြောခဲ့တဲ့စကားတွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်တယ်။ ဒီတော့

ငြင်းဆိုသူရဲ့ မီးခိုးများ
အနာဂတ်လို့ပြောပြောပြီး နအုံတွေချည့် ဖုန်ခါပေးနေ
၀၄.၀၂.၂၀၂၃

အနာဂတ်လို့ပြောပြောပြီး နအုံတွေချည့် ဖုန်ခါပေးနေ #lkessayden 73 တနေ့က အသီးအနှံလေး နည်းနည်းဝယ်ဖို့ စျေးဘက်လမ်းလျှောက်ရင်း မြင်ကွင်းတခုကို အင်မတန်မှကို ကျက်သရေယုတ်စွာ မြင်လိုက်ရတယ်၊၊ လူနှစ်ယောက်က ဆယ်နှစ် ဆယ့်တစ်နှစ်အရွယ်လောက်သာရှိဦးမယ့် ကလေးတယောက်ကို တယောက်က လက်ကိုဖျစ်၊ တယောက်က ကုပ်ကို ညှစ်လို့ အတင်းဆွဲခေါ် လာတာကို မြင်လိုက်ရတယ်။ လက်တဖက်က လည်ကုပ်ကိုကိုင် ညှစ်ထားရင်း ကျန်တဲ့တဖက်ကလဲ ကလေးကို နားအုံတွေ

လူအုပ်ထဲကအထီးကျန်မှု အက်ဆေးစုစည်းမှု
သေးနုပ်သော နေ့စဉ်
၀၂.၀၂.၂၀၂၃

သေးနုပ်သော နေ့စဉ် #lkessayden 85 လေထိုးကျွတ်ဖာဆိုင်ကိုရောက်တော့ လက်မတင်ကလေး ဖီးဆင့်စက်ဘီးစုတ်ကလေးတစီးက ဦးသွားတယ်၊၊ ခဏစောင့်ပါလို့ ရှေ့သွားတွေနဲ့ လမ်းခွဲခဲ့ပြီးတာ ကြာပြီဖြစ်လောက်တဲ့ စက်ဘီးပြင်ဆရာက လေတိုးသံနဲ့ ပြောတယ်၊၊ ပြီးတော့ သစ်ပင်နဲ့ချည်ထားတဲ့ ကြိုးတွေကို ဖြည်ချလိုက်ရင် ဆိုင်ကိုပိတ်ချတဲ့ တံခါးဖြစ်သွားမယ့် လှန်တင်ထားတဲ့ ထရံအမိုးပေါ်မှာ စက်ဘီးကို ကြိုးချည်လိုက်တယ်။ စက်ဘီးဟာ လေထဲမှာ တွဲလွဲ။ ဒေါက

လူအုပ်ထဲကအထီးကျန်မှု နှင့် အခြားအက်ဆေးများ
စောင့်သူကိုယ်နိုက်က ဘေးထွက်ဆိုးကျိုး
၀၂.၀၂.၂၀၂၃

စောင့်သူကိုယ်နိူက်က ဘေးထွက်ဆိုးကျိုး lkessayden 96အလင်းရောင်တောက်တောက်ပပရှိနေသေးပြီး ပူလောင်နေသေးတဲ့ တနေ့သောညနေမှာ အမိုးနိမ့်လွန်းတဲ့ လက်ဖက်ရည်ဆိုင်ကလေးတဆိုင်အတွင်းထဲ ကျနော် ထိုင်နေခဲ့တယ်။ ကျနော်ရေးထားတဲ့ ကဗျာတပုဒ်အတွက် မဂ္ဂဇင်းကိုယ်စား စာမူခ ငါးထောင်ထုတ်ပေမယ့် လူတယောက်ကို စောင့်မျှော်နေခဲ့တာ။ “လာတော့မယ် ရောက်တော့မယ် တံတားပေါ်ရောက်နေပြီ” လို့ လွန်ခဲ့တဲ့ တနာရီလောက်ကတည်းက ဖုန်းထဲမှာ ပြောခဲ့တဲ့လူတယ

ရှေးဟောင်းမျောက်မနှင့်အခြားအက်ဆေးများ
ရေဒီယိုထဲက ခေတ်ကြီး
၂၆.၀၁.၂၀၂၃

ရေဒီယိုထဲက ခေတ်ကြီး ကျနော့်မှာ ရေဒီယိုတလုံး ရှိခဲ့ဖူးတယ်။ ရေဒီယို တလုံး ဆိုပေမယ့် တလုံးပျက်ရင် တလုံး၀ယ်၊ တလုံးထပ်ပျက်တော့ နောက်တလုံး၀ယ်နဲ့ ရေဒီယိုနားထောင်တဲ့ နှစ်အနည်းငယ်အတွင်း စုစုပေါင်းဆိုရင်တော့ ငါးလုံး။ ကျနော့်မှာ ရေဒီယို ငါးလုံး ရှိခဲ့ဖူးတယ်ပေါ့။ အခုထက်ထိ ကျနော့်စာအုပ်တွေကြားမှာ ကျနော် နောက်ဆုံးသုံးခဲ့တဲ့ ကြက်သွေးရောင်ဖျော့ဖျော့ တက်ဆန်ရေဒီယိုလေးဟာ လိုင်းဖမ်းတဲ့ စတီးတိုင်လေး တ၀က်ကျိုးလျက် ငြိ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.