အက်ဆေး

လူအုပ်ထဲကအထီးကျန်မှု
၂၀၀၅ တုန်းက
၂၅.၀၁.၂၀၂၃

၂၀၀၅ တုန်းက lkessayden 99 ၂၀၀၅ ခုနှစ်က ကျနော့်အသက် ၁၉ နှစ် ရှိပြီ။ ၂၀၀၅ခုနှစ်တွင် ကျနော်သည် မဂ္ဂဇင်း၌ ကဗျာ ၁ဝပုဒ်ပါပြီး ဖြစ်၍ လေထဲက နေ့ရက်များကို ဖြတ်သန်းနေရသည်။ ကျနော်ကဗျာများကို တဂိုး၏ ကဗျာများကဲ့သို့ နှောင်းလူများက သီချင်းလုပ်ညဉ်းကြမည်ဟု တွေးနေမိ၏။ ဆေးပေါ့လိပ်ကို ကျနော်ခဲနေပုံမှာ မာယာကော့စကီး ဆေးပြင်းလိပ်ခဲနေပုံနှင့် အတော်တူသည်ဟု တွေးမိသည်။ ရွေ့လျားနေကြသော လူအုပ်အတွင်းသို့ ဝင်မိလျှင် ၎င်းလ

နိုင်ဝင်းဆွေအမှတ်ရချက်-လူအုပ်ထဲကအထီးကျန်မှု
နွေတညပိုင်ရှင်ရဲ့ ရေဆန်လမ်း
၂၁.၀၁.၂၀၂၃

နွေတညပိုင်ရှင်ရဲ့ ရေဆန်လမ်း ကျနော့်ရဲ့ လေးနှစ်ခွဲအရွယ်သမီးလေးက စာအုပ်စင်ကနေ စာအုပ်တအုပ် ဆွဲယူပြီး မျက်နှာဖုံးကို စိတ်ဝင်တစားကြည့်နေတယ်။ စာကြည့်တိုက်မှာ စာဖတ်ဖို့ စာအုပ်ရွေးနေတဲ့ အရွယ်ရောက်ပြီး မိန်းကလေးတယောက်လိုပဲ စာအုပ်နာမည်ကို စူးစမ်းနေသလိုလိုပေါ့။ စာမဖတ်တတ်သေးတဲ့ သမီးလေးက ဒီလိုလုပ်နေတော့ ကျနော့်မှာ ရယ်ကလည်း ရယ်ချင် ကျေလည်း ကျေနပ် ဖြစ်နေတယ်။ ခဏနေတော့ သမီးလေးက စာအုပ်ကလေးကို ကိုင်ပြီး ကျနော့်က

လူအုပ်ထဲကအထီးကျန်မှု
ကောင်မလေးသုံးယောက်
၂၁.၀၁.၂၀၂၃

ကောင်မလေးသုံးယောက် လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်လောက်က ကောင်မလေးတယောက်ကို ကျနော် သတိရနေမိတယ်။ ကောင်မလေးက ငယ်သေးတယ်။ တော့်တော်ကို ငယ်သေးတာ။ အလွန်ဆုံးမှ ဆယ့်ရှစ်နှစ်ပေါ့။ အဲဒီတုန်းက တလကို လေးငါးရက်လောက်တော့ဖြင့် သူတက်နေတဲ့ တက္ကသိုလ်ကျောင်းရဲ့ တူညီ၀တ်စုံကလေးနဲ့ ကျနော့်စာအုပ်ဆိုင်ကလေးကို သူရောက်လာတတ်တယ်ထင်တယ်။ ရောက်လာရင် တော်တော်နဲ့ မပြန်တော့ဘူး။ စာအုပ်စင် တစင်နဲ့တစင်ကို ကူးလူးနေတယ်။ စာအုပ်တွေ တအုပ်ပ

ရှေးဟောာင်းမျောက်မနှင့်အခြားအက်ဆေးများ
ငယ်ငယ်တုန်းက အစ်ကိုကြီးတွေ
၂၁.၀၁.၂၀၂၃

ငယ်ငယ်တုန်းကအကိုကြီးတွေ ကျနော်ငယ်ငယ် လေးငါးခြောက်တန်း ခုနစ်တန်း အရွယ်က ရပ်ကွက်ထဲ နှစ်ဆယ့်ကိုး သုံးဆယ်အရွယ်၊ အဲဒီကနေ သုံးဆယ့်ငါးအရွယ် အကိုကြီးတွေကို စိတ်၀င်တစား စောင့်ကြည့်ခဲ့ဖူးတယ်။ သူတို့ နေပုံထိုင်ပုံ စကားပြောပုံ စီးကရက်ဖွာပုံ လက်ခလယ်နဲ့ လက်မကိုသုံး သောက်လက်စ စီးကရက်ကို တောက်ထုတ်လိုက်ပုံ လက်လွှဲလမ်းလျှောက်ပုံ ဟန်ပါပါခါးထောက်ရပ်နေပုံ စသဖြင့် အစစအရာရာကိုပဲ။ လူကြီး ဖြစ်ချစ်လှပြီဖြစ်တဲ့ ကလေးတယောက်

လူအုပ်ထဲကအထီးကျန်မှု
ဓာတ်ပုံထဲကလူ
၁၉.၀၁.၂၀၂၃

ဓာတ်ပုံထဲကလူ #lkessayden 89 လွန်ခဲ့တဲ့ တနှစ်ခွဲ ဒါမှမဟုတ် နှစ်နှစ်၊ သုံးနှစ်လည်း ဖြစ်ချင်ဖြစ်လိမ့်မယ်ထင်တယ်။ အဲဒီတုန်းက တရက်မှာ ကျနော်ဟာ အခုခါမှာ မျက်လုံးကိုမှိတ်၊ ခေါင်းကိုထု၊ လည်ကိုညှစ်၊ အံကိုကြိတ် စသည်ဖြင့် ဘယ်လိုစဉ်းစားစဉ်းစား ရှိနေခဲ့တာကလွဲလို့ အခြားဘာကိုမှ မမှတ်မိနိုင်တော့တဲ့ ပွဲအခမ်းအနားတခုထဲကို ရောက်နေခဲ့ဖူးတယ်။ ဘာအထိမ်းအမှတ် ဘာပွဲ မမှတ်မိတဲ့အပြင်၊ ဘယ်မြို့ဘယ်နေရ ာမှာ ကျင်းပတယ် ဆိုတာက

လူအုပ်ထဲကအထီးကျန်မှု
တယောက်တည်းမဟုတ်ပါဘူးလို့ တယောက်တည်းပြောပြောပြီး ငိုကြရတဲ့အကြောင်းများ
၁၉.၀၁.၂၀၂၃

တယောက်တည်းမဟုတ်ပါဘူးလို့ တယောက်တည်းပြောပြောပြီး ငိုကြရတဲ့အကြောင်းများ #lkessayden 97 မိုက်ကယ်ဂျက်ဆင်ရဲ့ ဗီဒီယိုဖိုင်တွေ အတော်များများ ငါကြည့်ဖူးတယ်။ moonwalking ကို ပထမဆုံး စင်ပေါ်မှာ စကတဲ့ဗီဒီယိုကနေ မင်းသမီးကလေးဒိုင်ယာနာနဲ့တွေ့ပြီး အနေခက်နေတဲ့ ဟန်အထိ king of pop ကို ငါအလွတ်ရတယ်။ ၁၉၉၇ မြူးနစ်ရှိုးမှာ you are not alone ဆိုတော့ အကုန်လုံး မီး အမှောင်ချထားတယ်။ လူတွေက မိုက်ကယ်ဂျက်ဆင်နဲ့ အသားကျနေပြီ။

ရှေးဟောင်းမျောက်မနှင့်အခြားအက်ဆေးများ
ကျောပေါက်သရဲ
၁၉.၀၁.၂၀၂၃

ကျောပေါက်သရဲ #lkessayden 18 တခါတလေ ကျနော့်မှတ်ဥာဏ်ထဲမှာ ကျနော် တော်တော်ကြီးကို ငယ်တုန်းက ပုံရိပ်တခုပြန်ပြန်ပေါ်လာတယ်။ ဘာပုံရိပ်လဲဆိုတော့ မနက်ခင်းအစောကြီး အလင်းရောင်တောင် မရှိသေးတဲ့အချိန် အမေက တစ်ပေလောက်ရှိမယ့် သံပိုက်လုံးမီးပြောင်းနဲ့ မီးဖိုမီးကိုတောက်လာအောင် မှုတ်နေတယ်။ ကျနော်က မီးဖိုနံဘေးက မီးခိုးပြာတွေထဲ အိပ်ချင်မူးတူးနဲ့ ထိုင်နေတဲ့ပုံ။ အံ့သြစရာကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ မီးဖိုနံဘ

လူအုပ်ထဲကအထီးကျန်မှု
လရောင်အောက်ထွန်ယက်ပြီး မြေမွမွကလေး၌ ပျော်မိခြင်း
၁၈.၀၁.၂၀၂၃

လရောင်အောက် ထွန်ယက်ပြီးမြေမွမွကလေး၌ ပျော်မိခြင်း #lkessayden 95 အချစ်ကို မည်သည့်အချိန်တွင် စတင်ခံစားရသနည်းဟုဆိုလျှင် ကျနော်အချစ်ကို စတင်ခံစားရသည့်အရွယ်မှာ အတော်ပင်ငယ်လွန်းစောလွန်း၍ အတော်ယွတဲ့ သောက်ကလေးဟု အများက ဝေဖန်သမုတ်ပြုကြဦးမည် ထင်ပါသည်။ အချစ်ဆိုသည်ကို ကျနော် လေးတန်းအရွယ်တွင် စသိ ခံစားခဲ့ရပါသည်။ ကျနော်ဧ။်အချစ်မှာ အတန်းဖော်ကောင်မလေးတယောက်ဖြစ်ပါသည်။ ဆရာသော်တာဆွေဧ။် ကျနော့်ဘ၀ဇာတ်ကြောင်းထဲမှ ဇာ

ရေသေအိုင် လဖေ့ရေဆိုင်
လက်ဖက်ရည်ဆိုင်
၁၇.၀၁.၂၀၂၃

လက်ဖက်ရည်ဆိုင် #lkessayden 110 လက်ဖက်ရည်ဆိုင်တွေက ရှိတော့ရှိနေသေးတုန်းပါပဲ။ လက်ဖက်ရည်ဆိုင်ဓလေ့တွေ ကတော့ ရှားပါးကုန်ပြီလို့ထင်တယ်။ ဒါပေမယ့်လည်း လက်ဖက်ရည်ဆိုင်ဓလေ့ဆိုတာ ဘာပါလိမ့်လို့ ဆိုရင်တော့ ကျနော်လည်း ပြောမပြတတ်ဘူး။ ကက်ဆက်တိတ်ခွေကလေးတွေ ယူလာပြီး လုဖွင့်ခိုင်းတဲ့ ကိစ္စလား၊ ကိုယ့်ကိုယ်ကိုယ် ဒေါက်တာရေချမ်းလို့ မှတ်ယူပြီး ခပ်ကျကျလက်ဖက်ရည်တခွက်သောက် ဆေးလိပ်မီးခိုးကို ခပ်သာသာမှုတ်ထုတ်လိုက်ရင်း ငေးမေ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.