ဝတ္ထုတို

ဌာနချုပ်ကို အမြောက်နဲ့ထုခြင်း
ဌာနချုပ်ကို အမြောက်နဲ့ထုခြင်း
၁၈.၀၂.၂၀၂၃

ဋ္ဌာနချုပ်ကို အမြောက်နဲ့ထုခြင်း ငါ့ သူငယ်ချင်း သုံးကောင်ပေါ့။ ငါနဲ့ဆို လေးကောင်။ အဲဒီလေးကောင်ထဲမှာ နှစ်ကောင်က တကောင်နဲ့တကောင် မသိတာကလွဲရင် အကုန်လုံး ပတ်လည်ရိုက်ပြီး သိနေကြတာ။ နောက်ပြီး အဲဒီတုန်းက ငါတို့က ကဗျာတွေ တောင်လိုပုံအောင် ရေးနေကြတဲ့အချိန်။ ပြီးတော့ မဂ္ဂဇင်းဆီ အင့်ဟယ် အင့်ဟယ်နဲ့ တဖွတ်ဖွတ် ပို့ကြတာ။ တကောင်က အသက်သုံးဆယ်နဲ့ မာယာကော့စကီးဖြစ်မှာ၊ နောက်တကောင်က ဗားတော့ဗရက်၊ နောက်တကောင်က နီရူဒါ၊

ဒါလီနှင့် မှောင်မိုက်သောလမ်းများ (နွေဦးမြိုင်မဂ္ဂဇင်း-အမှတ်၁)
ဒါလီနှင့်မှောင်မိုက်သောလမ်းများ
၁၂.၀၂.၂၀၂၃

"ဒါလီနဲ့မှောင်မိုက်သောလမ်းများ" ဒါလီအိပ်ရာကနိုးတော့ နှစ်နာရီ ဆယ့်ငါးမိနစ်။ တိတ်ဆိတ်မှုထဲ သူ့ဖုန်းထဲကနှိုးစက်ရဲ့ အသံက ကြောက်စရာကောင်းလောက်အောင် တုန်ခါမြည်ဟီးနေတယ်။ နှိုးစက်ကို ပိတ်လိုက်ပြီး ပုခက်ထဲကနေ ခြေထောက်တွေ ထုတ်လိုက်တယ်။ ပြီးတော့ အဆီပြန်နေတဲ့ မျက်နှာကို ပုဆိုးအောက်ပိုင်းနဲ့ သုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက် တယ်။ ဘာမှ မမြင်ရဘူး။ စခန်းရဲ့အနောက်ဘက်တောနက်ကြီးထဲကနေ ဘာကောင်မှန်းမသိတဲ့ အကော

ဝတ္ထုတို
ဒါလီနဲ့စတုတ္တကောင်
၂၅.၀၁.၂၀၂၃

ဒါလီနဲ့စတုတ္ထကောင် - လင်းခါး - ၁ ]]ဒီတကောင်ကတော့ တော်တော် စောက်ကြောတင်းတယ်ကွာ ငါတောင်ဝင်အုပ်ချင်လာတယ်}} မိုးဖွဲဖွဲကြား တဲထဲငုံ့ဝင်လာရင်း အုတ်ကပြောတယ်။ ပြီးတော့ ဖော်တီးနဲ့တွဲထားတဲ့ အမ်အေသရီး သေနတ်ကိုချတယ်။ ဒေါသပြေသေးပုံမရဘူး။ ]]စောက်ရမ်းလေးတယ်ကွာ ငါကလည်း ဒါကြီးဆိုစောက်ရမ်းမုန်း၊ ငါ့အလှည့်ကျလည်း ဒါကြီးချည့်ပဲ တောက်... ကုပ်တွေတောင် ညောင်းတယ်}} ဒါလီက ပုခက်ထဲကနေ အုတ်ရဲ့ ဖြစ်ပျက်ပြောဆိုနေမှုကြီ

တေဘုမ္မာသီချင်းဆိုတဲ့ကြောင်
တေဘုမ္မာ သီချင်းဆိုတဲ့ ကြောင်
၁၈.၀၁.၂၀၂၃

တေဘုမ္မာသီချင်းဆိုတဲ့ ကြောင် လင်းခါး မရောက်ဖြစ်တာကြာတဲ့ မြို့ကြီးကိုရောက်တော့ အဆက်ပြတ်သလိုဖြစ်နေတာ ကြာပြီဖြစ်နေတဲ့ ခင်မောင်နိုင် ဆိုတဲ့ သူငယ်ချင်းတယောက်ကို တွေ့ချင်စိတ် ပြင်းပြင်းပြပြဖြစ်နေလို့ စုံစမ်းမေးမြန်းကြည့်မိတယ်။ နီးစပ်ရာ အခြား သူငယ်ချင်းတွေဆီ ဖုန်းလျှောက်ဆက် ဒီကောင်ဘယ်မှာရှိနိုင်သလဲ ဖုန်နံပါတ် ရှိလား စသဖြင့် မေးမြန်းစုံစမ်းလိုက်ရတာ မောတောင်မောတယ်။ ရတဲ့ ဖုန်းနံပါတ်က ဆက်မရဘူး။ ဆက်သွယ်၍ မရ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.