ကဗျာ

လင်းခါး
သီချင်း
၂၇.၀၄.၂၀၂၃

သီချင်း


တစ်ယောက်နဲ့တစ်ယောက် လွဲခဲ့ကြတာကိုက

တစ်ယောက်နဲ့တစ်ယောက် နမ်းခဲ့ကြတာကို

ပြန် အမှတ်ရစေ

စကတည်းက မတွယ်ငြိရင်ကောင်းမှာ

ကြွေတော့မှ မြင်တဲ့ အလင်းနဲ့ငါ ရေစက်ကုန်သလိုလား

တစ်ပင်လုံးကြွေမှ သစ်ခြောက်ပင်ဟာ

အလွမ်းတေးမှန်းသိ

တစ်ပင်လုံးဝေမှ ကိုယ့်ကိုယ်ကိုယ်

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်_လင်းခါး
ခေတ်ကရိုက်စစ်တော့ ကဗျာတွေထွက်လာတယ်
၂၇.၀၄.၂၀၂၃

ခေတ်ကရိုက်စစ်တော့
ကဗျာတွေ ထွက်လာတယ်


တစ်ပတ်တိတိ ဝါကျတစ်စက်မှ
မတိုက်ဘဲ ထားလိုက်တော့ နုံးခွေလာတယ်
အရေပြားတွေ ခြောက်လာတယ်။

ဘာမှရေးမထားတဲ့ စက္ကူအညိုနဲ့ အိတ်လုပ်ပြီး
မျက်နှာကို စွပ်ထားတော့
စကားလုံးရှူရတာ မဝတော့ဘူး
မွန်းလာတယ်။

တစ်ချက်တစ်ချက် နံရံအပြင်က
သီချင်းသံလွင့်ပျံကြားရတတ်ပေမယ့်
တီးလုံးချည်းသက်သက်ရယ်
စာသား မပါဘူး။

ကြိယာနဲ့ ဖြတ်ရိုက်တာ ခံရပါများတော့
မျက်ခွက်မှာလည်း
နာမဝိသေသနထပ်နေပြီ။
နံကြားမှာလည်း နာမ်စားတွေ
အုပ်စုလိုက် ပစ်ပစ်ကန်လွန်းလို့ သမ္ဗန္ဓတွေ စွဲထင်လို့။
သတိကလည်း ရတစ်ချက် မရတစ်ချက်
ဝိဘတ် ကြောတွေ ပြတ်ထွက်တော့မလား။

ခေတ်က လူပြောင်းပြောင်းပြီး
အနုနည်းနဲ့ စစ်တယ်၊
အကြမ်းနည်းနဲ့စစ်တယ်။
စစ်ဖိနပ်နဲ့ စစ်တယ်၊
တစစ်စစ်ကိုက်သလို စစ်တယ်၊
မူလီရစ်သလို စစ်တယ်၊
ကကြီးကနေ အ အထိ စစ်တယ်၊
သရတွေကိုပါ စစ်တယ်၊
ခံနိုင်ရည်ဟာ ကြာတော့
ဗျည်းတွေရွေ့သလို အကျဘက်ကို ရွေ့လာတယ်။

နောက်ဆုံးတော့ ချွေးပေါက်တွေကနေ
စိမ့်ထွက်သလိုထွက်လာ
နှုတ်ခမ်းကနေ သွေးတပွက်ပွက်ထသလို ထွက်လာ
အက္ခရာတွေ ထွက်လာတယ်
မျိုသိပ်ထားရတဲ့ ကဗျာတွေ။ ။

လင်းခါး
၄-၄-၂၀၁၄

#ဖလူးကြီးအမှတ်တရ
ထူးဆန်းတဲ့ကဗျာ
၂၇.၀၄.၂၀၂၃

ထူးဆန်းတဲ့ ကဗျာ

ထူးဆန်းတဲ့ ကဗျာ ငါရေးနေတယ်

ထူးဆန်းသော၊ ပျင်းရိဖွယ်ကောင်းသော

နာမဝိသေန တစ်လုံးမှမပါဘဲ သူ့အလိုလို

ထူးဆန်းတဲ့ ဂုဏ်သတ္တိကိန်းအောင်းနေတဲ့ ကဗျာ

အမှန်ပေမယ့် ငြင်းပယ်ခံရတတ်တဲ့ ဘုရားသခင်ကြီးစိုးသော

ပျော်စရာပေမယ့် မျက်ရည်လည်တတ်တဲ့ အနုမာနကြီးစိုးသော

မိတ်ဆွေတွေကို ပုန်းခို ကြိတ်ကောင်းစားတဲ့ သံသယကြီးစိုးသော

ထူးဆန်းတဲ့ ကဗျာ ငါရေးနေတယ်

အမှောင်ထဲက ကျွှန်တွေ
အမှောင်ထဲက ကျွန်တွေ
၂၇.၀၄.၂၀၂၃

အမှောင်ထဲက ကျွန်တွေ

ကျွန်ခေတ်ရဲ့နိဂုံးကောင်းကင်ကနေ ပရိုဂရမ်မာဟာ

လေထီးနဲ့ ဝေဖာထုပ်တွေ ချပေးခဲ့တယ်

ဝေဖာပေါ်မှာ ကောင်းကင်ဘုံဘာသာစကားကို

လက်သည်းနဲ့ထွင်းထားတဲ့ ကြေညာစာတမ်းတွေ

ငတ်နေတဲ့ ကျွန်တွေဟာ

ကြေညာစာတမ်းပါတဲ့ ဝေဖာတွေကို စားပြီးကြတဲ့နောက်

သူတို့အလံဟာ ဘာမဆိုဖြစ်နိုင်သွားတယ်

ကျောက်ခေတ်တုန်းကတာ့ လူတွေဟာ အိပ်မက်ကို

ဇဗယ်ကလေ
ဇဗယ်ကလေ
၂၇.၀၄.၂၀၂၃

ဇဗယ်ကလေ


ဇဗဲ့ ကိုယ်နံ့ကလေးက သင်းနေတာပဲ

ကုန်ထုတ်ဆက်ဆံရေးကို ကြိုးလျော့သွားစေတယ်

ကချေသည်အဖို့ သူ့ကိုယ်လှုပ်လိုက်တိုင်း လှနေတော့

ကကွက်အသစ်မလိုတော့ဘူး

လူတိုင်း လူလတ်တန်းစားတွေ ဖြစ်ကုန်တဲ့ တနေ့

ဇဗဲ့ကိုယ်နံ့ကလေးကြောင့် ဌာနချုပ်ကို အမြှောက်နဲ့ထုဖို့ ဖန်လာဦးမယ်

ဝမ်းနည်းစရာတိုင်းကတော့ ဝမ်းနည်းစရာမဟုတ်ပါဘူး

12...6
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.