ကဗျာ

တွမ်အန်ဂျယ်ရီကြည့်ခြင်း
တွမ်အန်ဂျယ်ရီကြည့်ခြင်း
၁၉.၀၂.၂၀၂၃

တွမ်အန်ဂျယ်ရီ ကြည့်ခြင်း


အဝိဇ္ဇာ အမှောင်ဖုံးတဲ့ စခရင်အမဲပေါ်

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းထဲ ကြွက်ဝင်သွားတယ်

ကြွက်ဝင်သွားတာကို မြင်လိုက်တဲ့ ကြောင်

လိုက်ဝင်သွား

တွမ်အန်ဂျယ်ရီရဲ့အကြောင်းတရားဟာ

ဒီကမ္ဘာကြီးပျက်ပြီး

နောက်ကမ္ဘာတခုရောက်တော့

အရင်းရှင်အိမ်မှာ တွမ်အန်ဂျယ်ရီအဖြစ်ပဲ ဆက်လက် အကျိုးတရားဖြစ်ထွန်း

နောက်ကျောမှာ တယောက်တော့ မောနေတယ်
နောက်ကျောမှာ တယောက်တော့ မောနေတယ်
၁၈.၀၂.၂၀၂၃

နောက်ကျောမှာ တယောက်တော့ မောနေတယ်


လူတယောက်အားငယ်လာတဲ့အခါ

သူ့နောက်ကျောဟာ သေးသွားတယ်

ပုခုံးနှစ်ဖက်ကနေ ရှေ့ကို စိုက်ကျသွားလို့

နောက်ကျောဟာ ကျဉ်းသွားတယ်

နောက်ကျောအရပ်မှာ စုတ်ထိုးနေစရာပေးထားတဲ့

‌အာဠာဝကရှိခဲ့ရင် ခမျာလဲ မထနိုင်တော့

သူ့ခေါင်းနှစ်ဖက်ကို ဆွဲဆုတ်ထားတယ်

မိန်းမတယောက်ရဲ့ နောက်ကျောကတော့ အလှဆုံးပဲ

အရင်းရှင်စနစ်ရဲ့ ဖရီးဝန်ဆောင်မှုတွေထဲ ကြီးပြင်းလာသူ အချစ်ကလေးရေ့
ဓာတ်ပုံထဲက ကျောကုန်းတွေဟာ ပိုင်ရှင်မဲ့
၁၄.၀၂.၂၀၂၃

ဓာတ်ပုံထဲက ကျောကုန်းတွေဟာ ပိုင်ရှင်မဲ့



မလုံခြုံ မပြည့်ဝတဲ့ လူ့ဘဝရယ်လို့ ရလာရင်

သောကများရတဲ့ ကျောကုန်းတခုတော့ ရလာမှာပဲ

သင့်ကျောကုန်းဟာ ဘယ်လိုကျောကုန်းလဲ

တိုက်အမြင့်ကြီးပေါ်ကနေ ရေထဲ

ကျောကုန်းကြီး ပြုတ်ကျလာ

ရေဒီကယ် စပ်ဖျင်းဖျင်း ကျောကုန်းများ၊

အများဆန္ဒအရ ကျောကုန်းကြီးဟာ

ဒီလိုပဲဆိုပေမယ့် တကယ်လားဆိုရင်တော့ ငြင်းရမှာ
ဒီလိုပဲဆိုပေမယ့်တကယ်လားဆိုရင်တော့ငြင်းရမှာ
၁၄.၀၂.၂၀၂၃

ဒီလိုပဲဆိုပေမယ့် တကယ်လားဆိုရင်တော့ ငြင်းရမှ


တနှစ်မှာ အနည်းဆုံး ခုနစ်ဆယ့်တခါ

ဒါမျိုး ဖြစ်ဖူးပြီးသားပဲလို့

ငါတို့ တွေးကြပါတယ်

အဲဒီဖြစ်ဖူးပြီးသားကြီးထဲမှာတောင်မှ

လက်ဖက်သုပ်ထဲ ဘယ်တော့မှ ကြက်သွန်ဖြူမပါ

(တော်တော်ကြောင်တဲ့ ကောင်တွေ)

မပေါက်သေးတဲ့ ပူစီဖောင်းတလုံးဟာ

အမြဲအားနည်းချက်ရှာရခက်တယ်

သမိုင်းဆိုင်ရာ နို့ဆီခွက်
သမိုင်းဆိုင်ရာ နို့ဆီခွက်
၁၄.၀၂.၂၀၂၃

သမိုင်းဆိုင်ရာ နို့ဆီခွက်

ဘုရားစောင်းတန်း လှေကားအဆုံးမှာ
ကွန်ဒုံးတွေ

အခြေအမြစ်မရှိတဲ့
လေပူဖောင်းတွေရဲ့ စိတ်ကြီးဝင်မှု

စနေနေ့မှာ သူတို့တင်လိုက်ရင်
ဗုဒ္ဓဟူး အကြောင်းတွေချည့်

ဆောက်လုပ်စတိုက်နံဘေးက သဲပုံကို
ခွေးတကောင် ယက်ထုတ်နေ

ကားဆရာက သူ့ဘဝ နှစ်၄ဝဇာတ်လမ်းကို
မိုင်၄ဝအတွင်း အရှိန်ပြင်းစွာ ပြောပြခဲ့

ဖေပုရှိန် အင်္ဂလန်ကိုအသွား
ငါ့အဘိုးဟာ အနာဂတ်မှာလာမယ့်
ဂျပန်ငပုအကောင်နှစ်ဆယ်ကို
ဒူးတွေချည့် ဖြတ်ခဲ့တယ်။ ။

လင်းခါး
စက်တင်ဘာ ၂၀၁၇

ထိုင်နေတယ်
ထိုင်နေတယ်
၁၄.၀၂.၂၀၂၃

ထိုင်နေတယ်


ကိုယ်က အဲဒီအနားမှာ ထိုင်နေတယ်

ပတ်ဝန်းကျင်ပရဝုဏ်ရဲ့ ကြီးစိုးမှု ထုထည်ကြီးထဲမှာ

ဖန်လုံးထဲက ငွေစ‌တစလို ကိုယ်က ထိုင်နေတယ်

သက်ရှိတွေကလဲ သက်ရှိဆိုတာထက်

လှိုင်းတံပိုးတွေ ဖြစ်နေတယ်

ကမ္ဘာကြီးပင်လယ်ရဲ့ လှိုင်းတံပိုးတွေပေါ့

လှတယ်လို့ မြင်ရင်တော့ လှနေတာပဲ

ကိုယ်ကအဲဒီအနားမှာပဲ ဖြစ်ပျက်သိဆိုတာထက်ပိုတဲ့

123...6
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.