ကဗျာ

အနဲဆုံးဝါဒီရဲ့အများဆုံးလိုအပ်ချက်
အနဲဆုံးဝါဒီရဲ့အများဆုံးလိုအပ်ချက်
၂၃.၀၁.၂၀၂၃

အနဲဆုံးဝါဒီရဲ့အများဆုံးလိုအပ်ချက်


မသေခင်

ဆန်ဆေးရေ လီတာ တသန်းဝယ်မယ်

အိပ်မက်အရှည်ကြီးတွေ မမက်တာကြာလို့

အိပ်ရာပျော့ပျော့တွေ ဝယ်မယ်

စတော်ဘယ်ရီနံ့ ကွန်ဒုံးတဗူးတော့ ဝယ်သွားချင်သေးတယ်

နေလုံးနဲ့ ပုရွတ်ဆိတ်ရဲ့ ညာဘက်ပေါင်ကိုတော့ လက်ဆောင်ရလိုက်တယ်

ကလေးကာတွန်းတွေအတွက် အသုံးပြုရင်

စတီးချောင်းနဲ့ အာတာပူစီ နဲနဲတော့လဲ လိုဦးမယ်

လက်လျှော့ထားပေမယ့်လဲအိပ်မပျော်ရတဲ့အကြောင်းတွေ
လက်လျှော့ထားပေမယ့်လဲ အိပ်မပျော်ရတဲ့အကြောင်းတွေ
၂၀.၀၁.၂၀၂၃

လက်လျှော့ထားပေမယ့်လဲ အိပ်မပျော်ရတဲ့အကြောင်းတွေ


အိပ်စက်ခြင်းကို မယုံပေမယ့်လဲ

လူဟာ အိပ်ရတာဘဲ

ဓာတ်လိုက်ပြီး ကားသွားတဲ့

ခြင်သေတွေဆီ အိမ်မြှောင်တွေရောက်မလာဖို့

ဘယ်သူမှ မတတ်နိုင်ဘူး

တညလုံး ကျွတ်ကျွတ်အိတ်ထဲ ကြွက်က အစာရှာနေတယ်

အကုန်လုံး ဒီလိုပါပဲ

ဘုရင်ဖြစ်ဖြစ်ချင်း ပထမဆုံးချမှတ်တဲ့ အမိန့်တော်က

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်
လူငယ်တယောက်
၁၉.၀၁.၂၀၂၃

လူငယ်တစ်ယောက်


မြနေတဲ့ ဝါကျနဲ့ ဂစ်တာကို ဓါးလို လွယ်ထားပေါ့

ထိုလူငယ်တစ်ယောက်

ဘယ်ဘက်လက်မောင်းမှာ

တယောနဲ့ တယောပေါ်က စာအုပ်တစ်အုပ်ပုံ မင်ကြောင်ထိုးထားတဲ့

လူငယ်တစ်ယောက်

လက်ဖက်ရည်ဆိုင် စားပွဲထိုးကို ငေါက်မိတယ်

ငေါက်ပြီး ပြန်ဝမ်းနည်းနည်းနေတတ်တဲ့ လူငယ်တစ်ယောက်

ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဘောလုံးလို ပစ်ကန်ထည့်လိုက်ပြီး

ဘာတွေနဲ့ဝေ
ဘာ တွေ နဲ့ ဝေ
၁၉.၀၁.၂၀၂၃

ဘာတွေနဲ့ဝေ


တွေဝေနေတဲ့ ဟိုက်ဒရိုဂျင် ပူဖောင်းတွေ

သစ်ပင်ထိပ်မှာ ရပ်နေ

တွေဝေလျက် လဲမှို့တွေ အပေါ်အောက်လွင့်ဝဲ

တွေဝေသွားတဲ့ ကမ်းစပ်ကရေများ

ပြန်လည်လျှောဆင်းသွားကြ

တယောက်မျက်လုံးထဲမှာ တယောက်တွေဝေ

တွေဝေမိ အုံးစက်ရာ တွန့်လိပ်

တွေဝေသော လိင်ဆက်ဆံမှုများ တိတ်တဆိတ်

1...456
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.