သေဆုံးသူတို့ရဲ့ အသံလွှင့်ရုံ
ရေဒီယို အစီအစဉ်တွေထဲက
သေနတ်သံတွေက ပြတ်သားကြည်လင်လှ
သွေးတွေကို လက်နဲ့ကိုင်ကြည့်လို့ရတဲ့အထိ
အသံက စေးပျစ်နေ
လမ်းပေါ်ကနေ ပစ်တယ်
အိမ်ထဲဝင်ပစ်တယ်
အပစ်ခံရလို့ သေသွားတဲ့ သ ူရဲ့နာရေး
အဆင်မပြေပါဘူးသားရီးရာ
ခုမနက်ထဲ
ငါရောက်ရှိလာပုံကတော့
တကယ့်ကို အဓိပ္ပါယ်တွေနဲ့ ပြည့်ဝနေတယ်
ငါ ဖျားနေတယ်
ချောင်းဆိုးလိုက်တိုင်း သလိပ်ဖတ်ဝါဝါတွေက
လည်ချောင်းထဲကနေ လျှာပေါ်ထိ ခုန် တက်လာကြတယ်
ငါ့ကိုယ်လက်တွေကလဲ ကိုက်ခဲနေလို့