ကျွန်ုပ်နှင့် ဆယ်လ်ဗီယာ
သစ်ရွက်ဝါကလေးဟာ
အဝေးကြီးလွင့်ပျံလာခဲ့ပြီးနောက်
ဘယ်သူမှမရှိတဲ့ ညလယ်ခေါင်ကြီးမှာ
တရေးနိုးထလာ
တိတ်ဆိတ်လွန်းလို့ ဝရန်တာမှာထွက်ရပ်တော့
ဂိုဒေါင်အဟောင်းကြီးဟာ ပုံလျက်သားကြီး ငြိမ်နေ။
ကြယ်ကလေးတပွင့်
ငြိမ်နေရှာ
ဘယ်သူမှလည်း သတိမထားမိကြပါ။
ဘာမှ မရေရာခြင်းတွေ
ဝိညာဉ်များလို စီစီတီဗီမှာတော့ တွေ့ရမှာပဲ
ဓာတ်ပုံကြည့်ရသလို ထောင့်တောင့်တောင့်ကြီး
အောင့်နေ။
ဂုဏ်သိက္ခာဟာ လေထိုးအရုပ်လို ကြီးပွားလာ
လူက စက္ကူအရုပ်လို ရေစိုပျော့ဖတ်လာခဲ့။
ကဗျာဆရာမ ဆယ်လ်ဗီယာပလပ် ထွက်ခွာသွား
ကဗျာဆရာမ ဆယ်လ်ဗီယာပလပ် ကျန်ခဲ့တယ်။
လင်းခါး
စက်တင်ဘာ ၂၀၁၆