ချိန်းတဲ့ညနေ
လေယာဉ်ဆင်းသက်တာနဲ့
လေယာဉ်ပျံတက်သွားတာ
ဘယ်မြင်ကွင်းကို ပိုသဘောကျသလဲ တဲ့
ငှက်အော်သံကို ကြားရတဲ့အခါ
ငှက်ကို မြင်ချင်စိတ်ဖြစ်သလား တဲ့
အဲဒီလို မေးခွန်းတွေ
ငါဖြင့်
တဘဝလုံး မဖြေဆိုဖူးဘူး
ကောင်မတွေနဲ့ဖြီးနေတာပဲ ပြောစမ်း
ဘာတွေသဘောကျနေတာလဲ ဟွန့်
ထမင်းစားပြီးပြီလား
ချစ်ရဲ့လား လို့ မေးနေတာဖြေလေ . . .
စသဖြင့်
ဒီလိုတွေ ရိုးရှင်းပါတော့လား
ဂနာမငြိမ်တဲ့ မျောက်လို မေးခွန်းများ
မြွေတွင်းထဲက ထွက်လာ
သင့်မှာ လန်းဆန်းမသွားဘူးလား
လင်းခါး
သြဂုတ်၂၀၁၆