ငယ်ဘဝတွေ
ပေါင်ပေါ်က အမာရွတ်လေး
ခုထိ
ရှိနေသေးသလိုပဲ
မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေလည်းရှိသေးတယ်။
ငယ်ငယ်က မပြည့်တဲ့ဆုတောင်းတွေ ရှိခဲ့ပေမယ့်
ငယ်ငယ်က အသည်းနာ အမာရွတ်တွေ မရှိခဲ့ဘူး။
ပြေးလွှားဆော့ကစားခဲ့တဲ့ ခြေထောက်တွေ
ပြေးလွှားရုန်းကန်ရတဲ့ ခြေထောက်တွေအဖြစ် ပြောင်းခဲ့ပြီ။
ငယ်ဘဝက အိပ်မက်တွေဆိုတာ
အခုဖြစ်နေရမယ့်
လက်တွေ့ဘဝမဟုတ်လား။
အခုလို ငါ့အိပ်မက် မဟုတ်ခဲ့ပါ
အခုလို ငါစိတ်ကူးမယဉ်ခဲ့ပါ
ငါတွေးခဲ့တာ
တစ်ချိန်နန်းရမယ့် အိမ်ရှေ့မင်းသားလို
ငါတွေးခဲ့တာ။
ငါတွေးခဲ့တာ
တစ်ချိန်ရေးထိုးရမယ့် ကမ္ပည်းမော်ကွန်းလို
ငါတွေးခဲ့တာ။
ငါတွေးခဲ့တာ
တစ်ချိန် မြင်းစီးသူရဲကောင်းကြီးလို
ငါတွေးခဲ့တာပါ။
အင်္ကျီသေးသေး ဖိနပ်သေးသေး ဆိုပေမယ့်
အိပ်မက်ကြီးခဲ့တာတွေ
အခုပြန်ပြောရင် မင်းတို့ရယ်စရာပါကွာ
ငါတွေးခဲ့တုန်းက ငါ့ဦးနှောက်ထက် ပိုကြီးနေလို့
ငါ့ကိုယ်ခန္ဓာတွေပါ ကူတွေးပေးခဲ့ရတဲ့
သြော်.........
ငါ့ ဟိုး ငယ် ဘ ဝ တွေ ။ ။
လင်းခါး
(ပိတောက်နွယ် မဂ္ဂဇင်း)
စက်တင်ဘာ ၂၀၁၀