စွတ်ပြုတ်ပူပူ

၁၉.၀၂.၂၀၂၃

စွတ်ပြုတ်ပူပူ

စွတ်ပြုတ်ပူပူ


"စွတ်ပြုတ်သောက်ကြရအောင် ဟေ့"

ဘက်တီးရီးယားတွေနဲ့ ဆော့နေတဲ့

ခြံထဲက ကလေးငယ်တွေကို

အဘိုးကြီးက အော်ခေါ်လိုက်တယ်

အမှန်က စွတ်ပြုတ်တွေ မကျက်သေးဘူး

အဘိုးကြီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းအပြောကတော့

စွတ်ပြုတ်အိုးကို တည်တောင်မတည်ရသေးဘူး တဲ့

တကယ်တော့ အဘိုးကြီးဟာ

စွတ်ပြုတ်ဘယ်လိုတည်ရတယ်ဆိုတာတောင်

မသိပါဘူး

ကလေးတွေက တံခါးမကြီးဆီကို

ဝုန်းခနဲ ပြေးလာကြတယ်

ဘက်တီးရီးယားတွေကပ်နေတဲ့ လက်တွေကို မိုးပေါ်မြှောက်လို့

ဟေးခနဲ အော်ကာ ပြေးလာကြတယ်

အဘိုးကြီးဟာ

နေသာတိမ်စင်တဲ့ နောက်ခံကောင်းကင်နဲ့အတူ

ပြေးလွှားအော်ဟစ်လာကြတဲ့ ကလေးတွေကို ငေးနေတယ်။ ။


လင်းခါး

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.