စွန့်ဦးတီထွင် ပြဿနာတခွင်

၀၄.၀၂.၂၀၂၃

စွန့်ဦးတီထွင် ပြဿနာတခွင်

စွန့်ဦးတီထွင် ပြဿနာတစ်ခွင်


ပြဿနာကို လူတွေ စတွေ့တော့

သိပ်အံ့သြကြတယ်

ပြဿနာဆီက သူတို့ အနွေးဓာတ်ရတယ်

သဘာဝတရားရဲ့ အမှောင်ကို တွန်းလှန်ဖို့

အလင်းရောင်တစ်စရလိုက်တယ်

ဒါပေမယ့် ပြဿနာကို တွေ့တွေ့ချင်း

ပြဿနာရဲ့ ကောင်းကျိုးတွေကို သိရတာမျိုးတော့ မဟုတ်တော့

အရင်းအနှီးကလည်း များပါတယ်

ပြဿနာဟပ်လို့ စီးကပ်ညစ်ပတ်နေတဲ့ အမွှေးအမျှင်တွေ

ျပႆနာစဲြၾက

ပြဿနာလောင်လို့ အရေပြားတွေ လောင်မြိုက်ကြ

ဂူတွေ ပြဿနာကြောင့် စွန့်ပစ်ရ

အမှိုက်ကစ ပြဿဒ် ပြဿနာတက်ရ

စတဲ့ ပြဿနာဂြိုလ်မွှေမှုမှာ ကိုယ်ကျိုးနည်းခဲ့ကြရပြီး

အဆံုးမေတာ့

ပြဿနာဟာ သုံးတတ်ရင် ဆေး

ပြဿနာဟာ မသုံးတတ်ရင် ဘေး

ဆိုလိုရင်းကို အသုံးချတတ်လာကြတယ်

ပြဿနာကြောင့်

သားစိမ်းငါးစိမ်းကို ပစ်ပယ်လာနိုင်ကြတယ်

နတ်ဘုရားတချို့နဲ့ လမ်းခွဲနိုင်လာကြတယ်

နတ်ဘုရားတချို့ကိုလည်း

ပြဿနာနဲ့ မွမ်းမံထားတဲ့ ယဇ်ကောင်တွေနဲ့ ပူဇော်နိုင်ခဲ့ကြလို့

အံ့သြကုန်နိုင်ဖွယ် ဆောင်မမှုတွေ အထူးထူးခံစားရရှိခဲ့ကြတယ်

ပြဿနာဟာ ကမ္ဘာဦး လူသားတွေအဖို့တော့

အသစ်ထွန်းပေါ်လာတဲ့ နတ်ဘုရားအသစ်

ပို ဆုတောင်းရတယ်

ပို အကြောက်အလန့်ကြီးရတယ်

ပို အလေးအနက်ထားရတယ်

``ကမ္ဘာကြီးကို ဖန်ဆင်းလိုက်တာဟာ

ပြဿနာနတ်ဘုရားပဲဖြစ်မှာ´´

အဲဒီလိုတွေးခေါ်လိုက်ကြတယ်။

လက်တွေ့ကျတဲ့ အတွေးအခေါ် တစ်ခုဖြစ်ပါတယ်

ပြဿနာကို စတင်တွေ့ရှိလာကြရာက

ယနေ့အထိ လူသားသမိုင်းတလျှောက်မှာ

ပြဿနာရဲ့ ဆံ့ဝင်လှုပ်ရှားမှုတွေဟာ အံ့သြဘနန်းပါပဲ

ကမ္ဘာ့စစ်ပွဲတွေ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့

အဏုမြူဗုံးကျရာမြေတို့မှအစ

ငြိမ်းချမ်းရေးဆုတောင်းပွဲ၊ စက်မှုတော်လှန်ရေးနဲ့

အသားဝါ ကလေးငယ် ဓာတ်ရောင်ခြည်ပြရတာမှာအဆုံး

သင့် ကြောင့် ပြဿနာ မလောင်ပါစေနှင့် စာတန်းဟာ

လက်ညှိုးငေါက်ငေါက်ထိုး သတိပေးခံနေရဆဲ

ဒါကြောင့် ပြဿနာကို စတင်တွေ့ရှိခဲ့သူဟာ

အမည်မဖော် ကော်ပီရိုက် မလုပ်ခဲ့တာနေမှာ။ ။

လင်းခါး

2-8-2014

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.