ဇဗယ်ကလေ

၂၇.၀၄.၂၀၂၃

ဇဗယ်ကလေ

ဇဗယ်ကလေ


ဇဗဲ့ ကိုယ်နံ့ကလေးက သင်းနေတာပဲ

ကုန်ထုတ်ဆက်ဆံရေးကို ကြိုးလျော့သွားစေတယ်

ကချေသည်အဖို့ သူ့ကိုယ်လှုပ်လိုက်တိုင်း လှနေတော့

ကကွက်အသစ်မလိုတော့ဘူး

လူတိုင်း လူလတ်တန်းစားတွေ ဖြစ်ကုန်တဲ့ တနေ့

ဇဗဲ့ကိုယ်နံ့ကလေးကြောင့် ဌာနချုပ်ကို အမြှောက်နဲ့ထုဖို့ ဖန်လာဦးမယ်

ဝမ်းနည်းစရာတိုင်းကတော့ ဝမ်းနည်းစရာမဟုတ်ပါဘူး

ကနေဒီသေပြီး အယ်လ်ဘီဂျေတက်လာတော့

အိမ်ဖြူတော်ထဲ ဇဗဲ့ကိုယ်နံ့ကလေးသင်းနေမိလို့

တော်တော် အထိုင်ကျသွားတယ်

ဒရဝမ်နဲ့ငြိစွန်းသွားတဲ့ သီပေါသမီးတော်ကလေးဟာ

ဇဗဲ့ကိုယ်သင်းနံ့ကလေးကို ကုလားတွေကြားထဲက ရခဲ့တာ

ပဒေသရာဇ်ကျဆုံးခန်းကနေ

လေဘာတီမေမေအထိ

အန်ကယ်တွမ်ရဲ့ တဲကလေးကနေ

မီရှဲဝဲဘက်ရဲ့ ဘာဖြစ်ဖြစ်အထိ

ဘဲရီးယားကနေ မက်လတရီ အက်ဗက်စတီဂိတ်အထိ

ဇဗဲ့ ကိုယ်နံ့ကလေး သင်းလို့နေခဲ့တယ်

သွေးပြည့်ထောင်တက်မာကျောလာခဲ့တယ်

ဇဗယ်ရေ နင် ဘာရေမွှေးသုံးတာလဲ

တကယ်တော့ ဇဗယ့်လူမှုဘဝကနေ ဇဗဲ့ကိုယ်သင်းနံ့ထွက်လာစရာမှ မရှိတာ

ဇဗဲ့ ကိုယ်နံ့ကလေး ပုံနှိပ်မီဒီယာတွေမှာပါလာတယ်

လူတွေက ရုပ်သံနဲ့ ရေဒီယိုကနေ စောင့်ကြည့်ချင်တာ

မဖြစ်ဘူး

ဇဗဲ့ ကိုယ်နံ့ကလေးဟာ ကောင်းကင်ကမဟုတ်

ငရဲက လာနေတာ

သေခြင်းတရားတောင် သေချင်းဆိုးနဲ့သေသွားလိမ့်မယ်။ ။


လင်းခါး

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.