တော်ပါတော့

၀၅.၀၂.၂၀၂၃

ငါးမိနစ်စာမိတ်ဆွေသို့နှင့် အခြားကဗျာများ

တော်ပါတော့



မင်းတနေ့လုံး ဒါတွေချည့် ပြောနေတာ

မင်းမှာ လျှာနှစ်ချောင်း အသံအိုးနှစ်ခု ပါနေလို့လား

တင့်ကားလိုပဲ အားလုံးကို နင်းချေနေတာ

ရထားတောင် ဂျုံးဂျုံးနဲ့ ဂျက်ဂျက်ကြား နားသေးတယ်

ပုရွတ်ဆိတ်တောင် တကောင်နဲ့တကောင်ခြားသေးတယ်

တော်ပါတော့

အောင်ပွဲခံအခုံးလို မင်း ပါးစပ်ကို ပိတ်လိုက်စမ်း

ဟေ့ ဒီမှာ ငါပြောနေတာကို စောက်ဖက်လုပ်ဦး

ဝက်ထီးကန်တွေ ဆိန်းမြစ်တွေ

အာဝေနိက ဒုက္ခတွေ ရော့ခ်အန်ရိုးတွေ

တော်ပါတော့ အရမ်းများနေပြီ

ငါ့ကိုချစ်ရင်ချစ် လည်ပင်းတော့မညှစ်နဲ့

ငါကိုမုန်းရင်လဲမုန်း စောက်ရူးလိုလာပြုံးမနေနဲ့

ကြည့်စမ်း ငါ့မှာ လက်မှတ်နှစ်စောင်ရှိတယ်

စစ်ဗိုလ်တွေ ပရိနိဗ္ဗာန်ပြု ကြတဲ့ ဇာတ်ကားသွားကြည့်မယ်

ပြီးရင် မင်း တပ်ထဲဝင်လိုက်

မင်းကိုငါ နည်းနည်းတော့ချစ်ပါတယ်

မင်းဟာ လှတယ်လေ

မင်းနှာတံကို ကြည့်စမ်း သိရဲ့လား အဲဒါ

ရဲရဲတိုက် ရဲရဲချေမှုန်းမယ့် နှာတံတွေ

မင်းနားရွက်တွေကို ကြည့်လိုက်စမ်း

အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ နဖာဂျီးတွေနဲ့

သေတောင် ငရဲမလားမယ့် မင်းမျက်လုံး မင်းမျက်တောင်

မင်းစောက်ပါးစပ်ကိုတော့ ခဏလောက် ပိတ်ထားစမ်းပါကွာ။ ။


လင်းခါး

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.