ထိုင်နေတယ်
ကိုယ်က အဲဒီအနားမှာ ထိုင်နေတယ်
ပတ်ဝန်းကျင်ပရဝုဏ်ရဲ့ ကြီးစိုးမှု ထုထည်ကြီးထဲမှာ
ဖန်လုံးထဲက ငွေစတစလို ကိုယ်က ထိုင်နေတယ်
သက်ရှိတွေကလဲ သက်ရှိဆိုတာထက်
လှိုင်းတံပိုးတွေ ဖြစ်နေတယ်
ကမ္ဘာကြီးပင်လယ်ရဲ့ လှိုင်းတံပိုးတွ ေပေါ့
လှတယ်လို့ မြင်ရင်တော့ လှနေတာပဲ
ကိုယ်ကအဲဒီအနားမှာပဲ ဖြစ်ပျက်သိဆိုတာထက်ပိုတဲ့
ထိသိစုပ်ဝဲယန္တရားကြီးတခုလို ထိုင်နေတာ
တချို့အဖြစ်အပျက်လေးတွေ ကိုယ်ရဲ့ အဲဒီမှာ
ထိုင်နေမှုကြောင့် ပြောင်းလဲ သွားတာရှိတယ်
ကိုယ်ရဲ့ ဥတုဇရုပ်ကပဲ စွမ်းတာမျိုးရှိလိမ့်မယ်လို့
ယုံကြည်နေတာမျိုးတော့ မဟုတ်ပေမယ့်
အဲဒီပုံကြီးနဲ့ ကိုယ်က ထိုင်သလိုတော့ ဖြစ်နေတယ်။
ထိုင်တာကလဲ လိုအပ်တယ်
ဒါပေမယ့် အဓိပ္ပါယ်နဲ့ထိုင်ဖို့တော့ ပိုလိုအပ်တယ်
ဆိုတာကို သိပေမယ့် အဲဒီမှာ
"ဒီဘက်က ဗျိုင်းတွေကအစ မတူဘူးနော်" ဆိုတဲ့
အချိန်ဖြုန်းရတဲ့ အတွေးတွေကိုတောင် မီးခတ်သလို
ရယူရတယ်လို့ ပုံစံမျိုးနဲ့
ကိုယ်က အဲဒီမှာ ထိုင်နေတယ်
အုတ်ဂူတလုံးအဖြစ်နဲ့။။
လင်းခါး
14feb2022