ထီးဝါလေးအောက်မှာဆိုတော့
ကျေးငှက်ကလေးများကလည်း တကျွိကျီနဲ့ဆိုတော့
သစ်ရွက်စိမ်းတွေအကြား
သစ်ရွက်ခြောက်တွေ ပွတ်တိုက်ကြွေကြသံကိုလည်း
နားနဲ့ဆတ်ဆတ်ကြားရပြန်တော့
နောက်ပြီး
ဓာတ်တိုင်ပေါ်တက်သွားတဲ့
ပုရွတ်ဆိတ်ကလေးများကလည်း
ထင်ထင်ရှားရှား သေးငယ်နေပြန်တော့
လောကသဘာဝကို မေးထောက်ထိုင်ကြည့်နေရုံပါပဲ
လူတွေအပေါ် သစ္စာမဲ့ရတာကလည်း
တော်တော့်ကို လွယ်ပါတယ်
တနေ့တနေ့ကိုလည်း တော်တော်ရောက်အောင်သွားရပါတယ်
ဆောင်းရာသီရဲ့ ကိုယ်ပေါ်
ချဉ်ပေါင်သီးတွေတောင် ခြောက်သွေ့ကုန်ပေါ့
အခုတော့
လောကအပူကိုယ်တိုင်လည်း အေးစက်
ကြမ်းကြားကဝင်လာတဲ ့ ခိုကိုးရှာသူလေကလည်း
အေးစက်
ဝရန်တာက ရှေ့ထွက်လိုက်တာနဲ့
လက်ဖျားတွေအေးလွန်းလို့
ဆေးသားတွေဝပ်နေတဲ့ အိတ်ထဲ
လက်ထိုးပိုက်လိုက်ရတယ်
လမ်းပေါ်က ထီးဝါကလေးဘေးမှာတော့
ကလေးလေးတယောက် အဝေရာကိုင်းကိုခူး
တံမြက်စည်းလုပ် လှည်းကျင်းနေရာ
အမှိုက်စများကြားက နိုင်ရာစားသူဆောင်း
ဒရွတ်တိုက်ဖြစ် ကုတ်ခြစ်နေလေရဲ့။ ။
လင်းခါး
၂၀၁၇ ဒီဇင်ဘာ