ထူးဆန်းတဲ့ ကဗျာ
ထူးဆန်းတဲ့ ကဗျာ ငါရေးနေတယ်
ထူးဆန်းသော၊ ပျင်းရိဖွယ်ကောင်းသော
နာမဝိသေန တစ်လုံးမှမပါဘဲ သူ့အလိုလို
ထူးဆန်းတဲ့ ဂုဏ်သတ္တိကိန်းအောင်းနေတဲ့ ကဗျာ
အမှန်ပေမယ့် ငြင်းပယ်ခံရတတ်တဲ့ ဘုရားသခင်ကြီးစိုးသော
ပျော်စရာပေမယ့် မျက်ရည်လည်တတ်တဲ့ အနုမာနကြီးစိုးသော
မိတ်ဆွေတွေကို ပုန်းခို ကြိတ်ကောင်းစားတဲ့ သံသယကြီးစိုးသော
ထူးဆန်းတဲ့ ကဗျာ ငါရေးနေတယ်
စကားပြောတတ်တဲ့ ငှက်လောက်ကို ခေါင်းကြီးရေးဖို့ စဉ်းစားနေတဲ့ အယ်ဒီတာ စားပွဲမှာ
ထူးဆန်းတဲ့ ကဗျာဟာ
ဘယ်လောက်ထူးခြား ဘယ်လောက်ဆန်းပြားဖို့လိုမလဲ
ထူးဆန်းတဲ့ ကဗျာ မှင်စိမ်းနဲ့ ကလက်တက်တက်
အဲဒါ ငါ ရေးနေတယ်။ ။
လင်းခါး
၂၀၁၄/ဒီဇင်ဘာ