နွေဦးရောက်တော့ နှင်းတွေထွက်ပြေးသွား
၁၅ လမ်းထဲမှာ ချွေးတွေနဲ့ ငုတ်တုတ်ထိုင် အိပ်မက်မက်
လက်ထိပ်တွေမာအောင် ကျင့်ထားတဲ့
ငယ်သူငယ်ချင်းလို့ ဆိုသူနဲ့ ပြန်တွေ့
(ဟုတ္မွာပါ)
ဒီကောင် ရေစုန်မျောနေပြီ
အိပ်ဇောငွေ့ အပူတွေထဲ
ဒီကောင့် ရုပ်ရည်ကို တံလျှပ်ထင်မိ
သူကိုယ္တိုင္က ဆူညံမႈလိုပဲ
စကားအပြောရပ်တဲ့အချိန်မှာတောင်
ဒီကောင့်ရဲ့ ပြီးသွားတဲ့ဇာတ်လမ်းတွေဟာ နောက်ခံတီးလုံးနဲ့
စာတန်းထိုးနေဆဲ
အသက်တွေကြီးလာကြပြီ
ပြောင်းဖူးပြုတ်သည်ကလေး ရောင်းကုန်သွားလို့ ပျော်နေတာကမှ
တန်ဖိုးရှိသေးတယ်
တိုက်ယူရတဲ့ သဘာဝရွေးချယ်မှုလို မြင့်မြတ်သေးတယ်
သရဲအိမ်ထဲ ဝင်ကြတုန်းက
ငါ သိပ်ကြောက်နေခဲ့တဲ့အကြောင်း
အမူအယာတွေနဲ့ ပြန်ပြောပြန ေတဲ့ ဒီကောင်
ဆတ်တောက်ဆတ်တောက်ဖြစ်နေ
မျက်ကွင်းတွေ ညိုနေ
ဒီကောင့်ကို ငါ မမှတ်မိဘူး
သရဲအိမ်လည်း တခါမှ ငါ မရောက်ဖူးဘူး။ ။
လင်းခါး
၂၀၁၅/၂၀၁၉