နှင်းရေ
ငါတို့ဆီမှာ နှင်းမကျတဲ့အကြောင်း ပြောကြတော့
ဘယ်သူ့ဆီကမှ မှန်ကန်တိကျတဲ့ အဖြေမရ
ငါတို့ ထင်တာတွေတော့ ငါတို့ပြောကြသတဲ့
စားပွဲက ငါတို့ငှားထားတာ
အစားအသောက်ကလဲ ငါတို့မှာထားတာ
ဒါနဲ့ ငါတို့ဆ က်ပြောကြတယ်
"ငါတို့ဆီမှာ ဘာလို့ နှင်းမကျလဲ"
ငါတို့ဟာ နှင်းနဲ့ မထိုက်တန်လို့ ဖြစ်မှာပေါ့ တဲ့
တယောက်ကပြောတော့
နှင်းက ငါတို့နဲ့ မထိုက်တန်တာရော မဖြစ်နိုင်ဘူးလား ပေါ့
နှင်းဟာ စကားလုံးပဲ ရှိတဲ့ အရာလိုပဲ
ငါတို့ နိုင်စားနေပုံက
နှင်းဟာ ငွေဝယ်ကျွန်လိုပဲ
တယောက်မှ သိပ္ပံအတတ်နဲ့ ရှင်းမပြနိုင်တော့
နှင်းဟာ ကျိန်စာပဲလို့ ငါတို့ စဉ်းစားမိတယ်ပေါ့
နှင်းဟာ မှော်အတတ်လဲ ဖြစ်နိုင်တာပေါ့
နှင်းဟာ ရုပ်ရှင်ဆက်တင်ဆိုရင်ရော
ငါတို့ဟာ အိမ်တံခါးရှေ့မှာ နှင်းထုကြီးပိတ်နေတာတွေ
ကားလေကာမှန်ပေါ် နှင်းပိတ်နေတာတွေကို
ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတာ မဟုတ်လား
ဒါနဲ့ တယောက်က ထပြောတယ်
ငါတို့ အစိုးရတွေ မကောင်းလို့များလားကွာ တဲ့
ငါတို့အကုန် ငြိမ်သွားကြတာပေါ့
ဒါ စဉ်းစားစရာ
နှင်းရေ ဒါဟာ တကယ့်ကို စဉ်းစားစရာပေါ့။ ။
လင်းခါး
(ဒီဇင်ဘာ ၂၀၁၆)