ပြည်သူ့အသံ

၂၃.၀၁.၂၀၂၃

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်

ပြည်သူ့အသံ


သူ့ဘာသာသူ ‌ခွေ

အိပ်နေတဲ့ ခွေး

ခွေးကိုနင်းရင် ခွေးကိုက်ခံရတတ်တာပဲ။

လယ်သမားဆိုတာ

လယ်ထဲနေရမှာ

ဘာလို့ လမ်းပေါ်ရောက်လာရသလဲ

ကျောင်းသားဟာ

စာသင်ခန်းထဲ ရှိရမှာ

ဘာလို့ လမ်းပေါ်ထွက်လာရသလဲ

အလုပ်သမား

လုပ်ငန်းခွင်ထဲ တွေ့ရမှာ

ဘာလို့ လမ်းပေါ်တက်လာရသလဲ

သံဃာဟာ

ကျောင်းသင်္ခမ်းမှာ တရားအားထုတ်ရမှာ

ဘာလို့ လမ်းပေါ်

မေတ္တာသုတ်ရွတ်နေရသတဲ့လဲ

သူ့ဘာသာသူ နေရမှာ

ဘာလို့ ဘာကြောင့် ဘာအတွက် ဘယ်အရေးနဲ့

လမ်းပေါ်မှာလဲ

လမ်းပေါ် ဘာကြောင့်ရောက်နေရသတဲ့လဲ

ရှင်းပါတယ်

ဖိရင် ကြွတယ်

ထိရင် ချမယ်။ ။


လင်းခါး

၂၀၁၃

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.