ဖြစ်တည်မှု ပဓာနဝါဒ နောက်ကျောတွေ
ရုပ်ရှင်ရိုက်ကွင်းတခုမှာ
မင်းသားဘေးက ငါ ဖြတ်လျှောက်လာ
ငါ့ နောက်ကျောဟာ အများပြည်သူရှေ့ ရောက်သွားတယ်
ထို ငါ့နောက်ကျောကြီး အော်စကာ ဆန်ကာတင်ထဲပါလာ
ခေတ်အဆက်ဆက် နောက်ကျ ောတွေထဲ
ငါ့ နောက်ကျောဟာ
လူသားတိုင်းရဲ့ ဖြစ်ရှိမှုကို အဖော်ကျူးနိုင်ဆုံး နောက်ကျောကြီးပဲတဲ့
ငါလည်း သိပ်မသိပါဘူး
ငါ့ နောက်ကျောဟာ ငါ့နောက်ကျောပဲ ဆိုပေမယ့်
ငါ့နောက်ကျောကို ဓားနဲ့ထိုးဖို့လုပ်ရင်တော့
ငါ ဘယ်သိပါ့မလဲ သို့ပေမယ့်
ငါ့ နောက်ကျောအတွက် ငါ ပွဲတက်ရ
ငါ့ နောက်ကျောအတွက် ငါ ဂုဏ်ယူရ
ငါ့ နောက်ကျောအတွက် ငါ ဆုတက်ယူတော့
ငါ့ နောက်ကျောအကြောင်း
ငါ ဘာမှ မပြောနိုင်ခဲ့လို့
နောက်ကျောမလုံ ဖြစ်ခဲ့ရသေး
ငါ့ နောက်ကျောဟာ
ဘယ်သူ့နောက်ကျောမှ မဟုတ်ပေမယ့်လို့
ငါ့ နောက်ကျောဟာ အားလုံးပါပဲ
ငါ့တို့သည် နောက်ကျောများသာ ပေါ့။ ။
လင်းခါး
ဖေဖော်ဝါရီ ၂၀၁၆