မပျော်သူများကလပ်

၁၆.၀၂.၂၀၂၃

စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှု ကဗျာများ

မပျော်သူများကလပ်


မပျော်တော့ဘူး

အဝေးက မြင်နိုင်ပါတယ်

အမူအရာ ထင်ရှားပါတယ်

လွယ်လွယ် ကောက်ချက်ချနိုင်ပါတယ်။

မပျော်တဲ့လူများအတွက် မပျော်ခြင်းကလပ်ရှိသင့်တယ်

မပျော်ခြင်းကလပ်မှာ

မပျော်သော ကစားနည်းများ

မပျော်သောဝိုင်းဖွဲမှု့များ

မပျော်သော စာနာမှုများလည်း တက်ညီလက်ညီရှိသင့်တယ်

မပျော်တာဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့

စိတ်အခြေအနေတစ်ရပ်၊

လိုအင်များဆီအထိ မရောက်သောဖြစ်ရပ်၊

လိုအင်များအား ဆန့်ကျင်သော ဖြစ်ရပ်၊

ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားမိစေတဲ့ အဖြစ်အပျက်၊

ပျော်တဲ့ဘဝကို လွမ်းနေတဲ့ မပျော်တဲ့ဘဝလည်းဖြစ်တယ်။

မပျော်တဲ့စိတ်ဟာ တစ်နေရာဆီ မြှားဦးလှည့်သွားမှာလည်းစိုးရတယ်။

ကမ်းခြေကို ရောက်သွားမယ် ဒါမှမဟုတ်

မြို့လည်ကို ရောက်သွားမယ် ဒါမှမဟုတ်။

အဝေးတစ်နေရာ ရောက်သွားမယ်၊ ဒါမှမဟုတ်။

မပျော်နိုင်တာဟာ ဒေသတွင်း ကိစ္စလား

သူများပေါင်မုန့်ကို နင်းမိနေသလား

ကာလအပြောင်းအလဲလား

နာကျည်းနေသလား

ဒါမှမဟုတ်

အပျော်သက်သက်ပဲလား။ ။


•လင်းခါး

စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှု ကဗျာစာအုပ်(2011)မှ

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.