မိသားစု
အစ်ကိုက အောင်မြင်တဲ့ တစ်နေ့ ပြန်လာမယ်တဲ့
၁၂ နှစ်ရှိပြီ
စတိုးဆိုင် အခန်းကျဉ်းထဲမှာ
ဆယ်တန်းမအောင်တဲ့ အရောင်းစာရေးမလေး
အငေါက်ခံထိနေရှာ
အဲဒါ ငါ့ညီမလေးပေါ့
အဖေက လူရွှင်တော်
သူ့ အနုပညာက
အမေ့ မျက်ရည်ခြူဖို့
အမေ့သောက ကတော့
နေလုံးကြီးပမာ ငါ့တို့ဆီမှာဖြာ
သိပ် စူးရှ သိပ်ပူလောင်
အမေ ဘယ်လောက်ပူမလဲ
" မိသားစုဆိုတာ နိုင်ငံတော်ပဲ
ဘယ်သူ့ကိုမှ အပြစ်ဖို့နေလို့မရ "
" မိသားစု ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ် "
အလတ်ကောင် ကဗျာဆရာက
မျက်ရည်တွေ သုတ်ကာ သုတ်ကာနဲ့
ကဗျာ ခိုးခိုးစပ်နေတယ်
အဲဒါ ငါပါပဲ။ ။
လင်းခါး