မိုးရေထဲက ခင်ဝမ်း

၂၆.၀၁.၂၀၂၃

ခင်ဝမ်း

မိုးရေထဲကခင်ဝမ်း


မိုးရေထဲမှာ ခင်ဝမ်းကို တွေ့လိုက်တယ်

မတွေ့တာကြာပြီ ကိုခင်ဝမ်းရယ် လို့

သင်ကြားထားသလို ပြောမိတယ်

နို့ပေမယ့် ခံစားချက်ပါတော့ ငိုသံစွက်သွားတယ်

ခင်ဝမ်းအတွက် ငါ ဟာ သူစိမ်းပဲ

မိုးရေထဲကခင်ဝမ်းအတွက်ကတော့ တမျိုးဖြစ်သွားမယ်

ရင့်ကျက်မှ တွေ့ရတဲ့ အချစ်ဦးလို

ဟုတ်တယ် ခင်ဝမ်းဘာပြောရမယ် မသိဖြစ်သွားတယ်

ကိုခင်ဝမ်းရယ် ကျနော်သိခဲ့ပါတယ်

ခင်‌ဗျားပေးတာတွေ ကျနော်ရခဲ့တယ်လေ လို့

မိုးရေထဲက ခင်ဝမ်း နှင်းဆီဖြူရဲ့ အဝေးကဘဲလေ

ဂေါ်တာပေါ့

မိုးရေထဲက ကိုခင်ဝမ်းရေ ခင်ဗျားသွားပါတော့ဗျာ

မပြောမိမီ

မိုးအရမ်းသဲလို့ ခင်ဝမ်းပျောက်ကွယ်သွားတယ်

ဒီဇင်ဘာကျ နှင်း နဲ့အတူ ပြန်လာမယ်ဆိုတာသိတယ်

ပြည်မှာဆောင်းလေ ဧရာဝတီလေ

ပတ်ဝန်းကျင်အပေါ်တင်နေတဲ့ အကြွေးလေ

မပြေလည်သေးတော့ ဝေးနေရတယ် မိတ်ဆွေတို့ရယ်လေ

ကိုခင်ဝမ်းရေ ကောလိပ်နေ့ရက်များနဲ့ ငယ်ဘဝကို

အစာအိမ်အတွက် အခိုးဝှက်ခံခဲ့ရ

အစာစားဖို့လိုတဲ့ ဒီကိုယ်ဟာ ပစ်စလတ်ခတ်

သူများလက် ထိုးထိုးအပ်ခဲ့ရတာပေါ့ဗျာ

ခုတဖန် တောင်ကုန်းလေးတခုပေါ် တက်ခဲ့မိပြီ

ရေတွင်းထဲ နှင်းရေ လို့ မအော်မိ

ရေတွင်းထဲ ခုန်‌ဆင်းခဲ့မိပြီ ကိုခင်ဝမ်းရေ

ဒီသံသရာမှာ ကျနော်ရှိခဲ့တာ ခင်ဗျားမသိပေမယ့်

ခင်ဗျားရှိခဲ့တာ ကျနော်သိ ကျနော် ငြိတယ်လေ

ဝိကွဲကွဲနဲ့ ဒီလိုတွေထင်မြင်

ခင်ဝမ်း တီရှပ်နဲ့ ခင်ဝမ်း သိမှုပြိုင်

တခင်ခင်ထဲ ခင် တဝမ်းထဲ ဝမ်း ခဲ့တဲ့

ညီကလေးဇယတကလေးလဲ မိုးရေထဲက ခင်ဝမ်းနဲ့ ပေးတွေ့ချင်သေးတယ်

တနေ့ပေါ့ကွာလို့ အားလုံးကို

နှုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ်

ကြွေမယောင် ကြွေသားပမာ ခင်ဝမ်းသီချင်းသံဟာ

ငါ့ကိုယ်ထဲက ထမြည်

ဟယ်လို ဝိဇ္ဇာကြီး

ကျနော်တို့ သိက္ခာကြီးခဲ့ရပါတယ်ဗျာ ခင်ဗျားနဲ့ပေါ့


လင်းခါး

8july2022

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.