မျက်နှာတောနက်
ဘုရားစင်ပေါ်ကနေ ညညဆို
ငါသိတဲ့ ဘုရားတွေထဲက မဖြစ်နိုင်တဲ့
မျက်နှာတခုထွက်လာတယ်
ဘုရားသောက်တော်ရေတွေသောက်
ဘုရားပန်းတွေ ချိုးပြီး ကောင်းကင်ဆီ တက်တက်သွားတယ်
ပန်းခြံထဲက ကြေးရုပ်ရဲ့ အပေါ်ကုတ်အကျႌထဲကနေ
မျက်နှာတခုဟာ ပန်းခြံပိတ်ချိန်ဆိုထွက်လာ
သံလမ်းတဖက်က အဖြူဆိုင်ထဲဝင်ဝင်သွား
နေ့တိုင်းတော့ မဟုတ်ဘူးပေါ့
ကားပေါ်က ရုတ်တရက်မြင်လိုက်ရတဲ့ မျက်နှာတခုကိုဆို
ရဟတ်လုံးပြန်ကျတဲ့အချိန်မှာတောင် မမေ့နိုင်အောင်ပဲ
အခုတော့ အဲဒီမျက်နှာကို ငါ သတိမရတော့ပါဘူး
အဲဒီအစား ပြတင်းပေါက်တခုလုံးမှာ ပြည့်နေတဲ့ မျက်နှာကြီးတခုကို သတိရနေမိတယ်
မျက်နှာကြီးက ကြီးလွန်းတော့
အလိုရမ္မက်ကြီးမယ့်ပုံ စက်ဆုပ်ဖွယ်ကြီး
လူတယောက်ဟာဆိုရင်
အိမ်သာတက်ရင်း အိမ်သာခွက်ထဲ မျက် နှာတခုတွေ့လိုက်ရလို့တဲ့
မျက်လုံးနှစ်လုံးကြားကနေ ဆင်ခြေလျှောဆင်းသွားတဲ့ နှာခေါင်း
သူ့အောက်တည့်တည့်က ပါးစပ်ပေါက်
ဒါကိုပဲ
တလကိုးသီတင်း ပြောမဆုံးရှာဘူး
မျက်နှာနဲ့ ပတ်သက်ရင်
ငါ့မှာ ကိုယ်ပိုင် မျက်နှာတခုရှိပေမယ့်
မျက်နှာတွေရဲ့ လေးနက်သော လုပ်ဆောင်မှုတွေကို ငါ နားမလည်သေးဘူး
မျက်နှာက ဘာတွေ လုပ်နိုင်သလဲ
မျက်နှာကို ဘာလုပ်လို့ ရမလဲ
မျက်နှာကို ဖြတ်ရိုက်မယ်
မျက်နှာကို အားဘွားပေးမယ်
ကမ္ဘာပေါ်က ရှိသမျှ
တော်လှန်ရေးတိုင်းနဲ့ လိင်ဆက်ဆံမှုတိုင်းဟာ
မျက်နှာက စကြရတာ
မျက်နှာတခုရဲ့ လုပ်နိုင်စွမ်းကို
စဉ်းစားကြည့်တော့ ကြောက်စရာပဲ
မျက်နှာဟာ ချိုချဉ်စုပ်နိုင်တယ်၊
ချွေးစက်တွေသီးနိုင်တယ်၊ မျက်လုံးတဖက် မှိတ်ပြနိုင်တယ်၊
မျက်နှာဟာ မျက်နှာလုပ်နိုင်တယ်
မျက်နှာကြီးတခုကို ပျံနေတဲ့ငှက်ရဲ့
ရင်အုံမှာတွေ့လိုက်လို့
လူတွေဟာ လက်ညိုးတထိုးထိုးနဲ့ တယောက်ကိုတယောက်ပြနေကြသတဲ့
မျက်နှာများ ဘာဆန်းကြယ်မှာမို့လဲ။
ကောင်းကင ်နဲ့ မြေကြီးကြား
မျက်နှာဟာ အားလုံးကို အစာချက်ယူလိမ့်ဦးမယ်
မျက်နှာတခုဟာ တကမ္ဘာဆိုတဲ့ အယူအဆကို
ငါ သိပ်သဘောကျတယ်
မျက်နှာတခုဟာ တောနက်တခုဆိုရင်
ပိုတောင်လှဦးမယ်ပေါ့။ ။
လင်းခါး