ရှည်လျားသောမိုး

၁၈.၀၁.၂၀၂၃

ငါးမိနစ်စာမိတ်ဆွေသို့နှင့်အခြားကဗျာများ

ရှည်လျားသောမိုး

မုတ်ဆိတ်ရိတ်တယ်၊ မိုးရွာတယ်၊ သတင်းစာဖတ်တယ်

အိပ်မက်ထဲကအတိုင်းပဲ

ကျပ်တည်းတယ်၊ လေကြောရှည်တယ်၊ အတိုက်စားခံရတယ်

ရှေးဘဝကအတိုင်းပဲ

တောင်ကုန်းပေါ်တက်တော့ လေကတိုးတုန်းပဲ

ချောက်ထဲဆင်းတော့ နားအူတုန်းပဲ

လွန်ခဲ့တဲ့ ဆယ်နှစ် အနှစ်နှစ်ဆယ်တုန်းက ကျွမ်းခဲ့တဲ့မီးသီး

အချည်းနှီးပေမယ့် ဓာတ်တိုင်မှာရှိတုန်းပဲ

ဘာကိုပျော်ရမှာလဲ

ဘယ်သူ့ကို ပျော်ခိုင်းနေတာလဲ

မုတ်သုံလမ်းတလျှောက် မိုးထဲ အဖိုးနည်း အချိန်တန် အိမ်ပြန်

မိုးကာအကျႌကိုချွတ်

လူကိုကုပ်ကကိုင် တိုင်မှာချိတ်

နေပူရင် ချောက်ခြားသွားမှာပါ

မပူနဲ့။


လင်းခါး

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.