ဝန် ဆောင်မှုကိုရပ်မည်ဆိုပါက ခေတ်ကိုနှိပ်ပါ
တစုံတယောက်ဟာ ခံစားနေပြီဆို
တစုံတယောက်ဟာ ရန်များနေပြီ
အသစ်ပြုလုပ်ရတာလဲ
ဟင်းအိုးချွေးလှပ်ရသလောက်ကို လွယ်ပြီ
နေကာမျက်မှန်ကြီးတပ်
ဟ ာကြူလီဘီးကြီးစီးရတဲ့ခေတ်က ကုန်ပြီ
ကျနော် ကျမတို့ဟာ အနာမပျောက် သေး
အခြားကျနော်ကျမများက အဆာမပြေသေး
ခေတ်တခုကနေ ခေတ်တခုကိုပြောင်းတယ်လို့
ငါ့ ညီ ခုနက ပြောတာ ကြားလိုက်တယ်
ဘယ်လို ဆုံးဖြတ်သလဲ
ရထားဖြတ်ဖို့ သံလမ်းကိုပိတ်လိုက်တာတွေ
ဆေးလိပ်တလိပ်ကနေ တလိပ်ကို မီးကူးရတာတွေ
ဘယ်ဖာသယ် မေးမေး ပထွေးဆိုးနဲ့တိုးခဲ့တာတွေ
ဒါကို သူတို့ စိတ်ကုန် နေပြီလေ။ ။
လင်းခါး