သတင်းစာဖတ်ပြီး စိတ်ဆိုးရခြင်း ၂

၂၃.၀၂.၂၀၂၃

သတင်းစာဖတ်ပြီး စိတ်ဆိုးရခြင်း ၂

သတင်းစာဖတ်ပြီး စိတ်ဆိုးရခြင်း - ၂


နံနက်စောစော ခရေပင်အောက်

သေနတ်သမားတယောက် ပန်းကောက်နေ

ဖွေးဆုတ်နေတဲ့ ပေါင်သားပေါ်

ကနုတ်ပန်းစာလုံးနဲ့ ရေးထားတဲ့စာသား

ဂျွန်လင်နွန်ရေးတာလား

လောကနီတိ ကျမ်းကိုးလား

လျှာပေါ်ပေါက်တဲ့ မြက်

အူနုကိုခတ်မယ့် ဤ

မျက်လုံးက ထွက်မယ့် မျက်ရည်တို့ကို

သံဆူးကြိုးနဲ့ တားကြရင် သိပ်ကောင်းမှာ

အမြင်မှောက်မှားခဲ့ရာ အခုအခံများ

အတွေးချော်ခဲ့ရာ တားမြစ်စာသားများ

ယမ်းခိုးအူခဲ့ရာ မြေစာမြက်ကလေးများ

ဝါဒဖြန့်ဆောင်ပုဒ်တွေ ရွတ်ပြပါလား

အချစ်ကလေး

မင်း နှုတ်ခမ်းဖျားမှာ ငါ လမ်းဆုံးပါရစေ။


လင်းခါး

၁၈-၅-၂၀၁၆

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.