တစ်ယောက်နဲ့တစ်ယောက် လွဲခဲ့ကြတာကိုက
တစ်ယောက်နဲ့တစ်ယောက် နမ်းခဲ့ကြတာကို
ပြန် အမှတ်ရစေ
စကတည်းက မတွယ်ငြိရင်ကောင်းမှာ
ကြွေတော့မှ မြင်တဲ့ အလင်းနဲ့ငါ ရေစက်ကုန်သလိုလား
တစ်ပင်လုံးကြွေမှ သစ်ခြောက်ပင်ဟာ
အလွမ်းတေးမှန်းသိ
တစ်ပင်လုံးဝေမှ ကိုယ့်ကိုယ်ကိုယ်
အနိမ့်စံ စံပယ်ပန်းမှန်းသိတယ်
တစ်ဘဝမှာ တစ်ခါပဲပျော်ရတယ်
မင်းနဲ့ငါ ဒါကို ခေါင်းရင်းမှာထား
ညည
သေသည်အထိ ဆိုသွားရမယ့် သီချင်းလား ။ ။
#လင်းခါး
International Magazine
2009 may