သံစက်ရုပ် ၁၁
အခုတလော သံစက်ရုပ် နေလို့မကောင်း
အပြင်းအထန် တွေဝေ
သံစက်ရုပ်ဖြစ်ရခြင်းဟာ ဘာလဲလို့
အရက်မူးတိုင်း ရေရွတ်နေတယ်
အိပ်မက်တိုင်းကလဲ အိပ်မက်ဆိုး
ဒြပ်ထုကြီးတော့ အချိန်က သူ့နံဘေးမှာကွေး
ခံစာ းချက်တွေကလဲ ပုံပျက်
ဒီကြားထဲ အမှန်လွန်သမားတကောင်ရဲ့ပန်းချီကားထဲ
တဘဝလုံး ဆံထိုးကလစ်လှလှေလးယောင်ဆောင်ထားတဲ့
သံစက်ရုပ်တကောင်
ဆံပင်တွေကို စွဲလန်းရင်း မကျွတ်မလွတ်ဖြစ်နေရသတဲ့
သံစက်ရုပ် ငြီးတွားတယ်
နှလုံးသားမရှိဘဲ ငါ့မှာ ဘာနဲ့နာကျင်နေရတာလဲ တဲ့
လင်းခါး