သံစက်ရုပ် ၄
အရင်းရှင်တယောက် မနက်ခင်းတိုင်း
ခရေပင်အောက် သံစက်ရုပ်တွေရဲ့ လုပ်အားကို ကောက်နေ
သံစက်ရုပ်ဆိုမှတော့ မချစ် မလွမ်း သမုဒယအကန်းပဲပေါ့
"နှောင်ကြိုးကို ဒို့လက်ရုံးနဲ့ ချိုးဖျက်မလေ"*
မူးနေတဲ့ သံစက်ရုပ်တကောင် မျက်ရည်တွေနဲ့
မေးရိုးထောင်လျက် စူးစူးနစ်နစ် ကျူးရင့်နေ