သွေး

၀၄.၀၂.၂၀၂၃

ခေတ်ကရိုက်စစ်တော့ ကဗျာတွေ ထွက်လာတယ်

သွေး


ပုရွက်ဆိတ်အုံလို တော်လှန်သူများအတွက်

ရေကာတာကျိုးသလို ကျည်ဆံတွေ။


တော်လှန်သူမိဘများရဲ့ သေပွဲဝင်မှုကို

ဆာလောင်နေတဲ့ ကလေးတွေ

အစိမ်းလိုက်မြင်ခဲ့ရ။

တော်လှန်သူအစ်ကိုများရဲ့

လမ်းခုလတ်ကျဆုံးမှုကို

မွတ်သိပ်နေတဲ့ ညီငယ်တွေ

အစိမ်းလိုက် ကြေကွဲရ။

ကမ္ဘာကြီး ပြသမျှရုပ်ရှင်တွေထဲ

ဘယ်တော့မှ မေ့မသွားတော့မယ့်

အခန်းပါပဲတဲ့။


တော်လှန်သူတွေဟာ

လေယာဉ်ပျံကို ခဲနဲ့ထုတာမဟုတ်

လမင်းကို မျှော့ကွင်းနဲ့ပစ်ခဲ့တာမဟုတ်။

Unknown block type "poster", please specify a serializer for it in the `serializers.types` prop


ဝံပုလွေမျက်လုံးနီကို

မျက်ရည်စို့တတ်ဖို့ သင်ကြားတာ

သမိုင်းမဖြစ်သေးတဲ့ လှည်းဘီးကို

ကူ၍တွန်းခဲ့တာသာဖြစ်တယ်။


ကမ္ဘာမှာ

သမိုင်းရဲ့မျက်လုံးဟာ ဘယ်တော့မှမကွယ်

သမိုင်းရဲ့ နားတွေဟာ ဘယ်တော့မှ မကန်း

သမိုင်းရဲ့ စာမျက်နှာတွေဟာ ဘယ်တော့မှ

မပျက်စီးပါ။


တစ်နေ့မှာ

သမိုင်းရဲ့ အမှန်တရားဟာ

သင်္ချိုင်းထဲက လူသေကောင်ကုန်းထသလို

ထလာမှာ

မှားနေတဲ့ ကုပ်ပိုးတွေ သတိထား။


လင်းခါး

၃-၆-၂ဝ၁၃

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.