အနဲဆုံးဝါဒီရဲ့အများဆုံးလိုအပ်ချက်
မသေခင်
ဆန်ဆေးရေ လီတာ တသန်းဝယ်မယ်
အိပ်မက်အရှည်ကြီးတွေ မမက်တာကြာလို့
အိပ်ရာပျော့ပျော့တွေ ဝယ်မယ်
စတော်ဘယ်ရီနံ့ ကွန်ဒုံးတဗူးတော့ ဝယ်သွားချင်သေးတယ်
နေလုံးနဲ့ ပုရွတ် ဆိတ်ရဲ့ ညာဘက်ပေါင်ကိုတော့ လက်ဆောင်ရလိုက်တယ်
ကလေးကာတွန်းတွေအတွက် အသုံးပြုရင်
စတီးချောင်းနဲ့ အာတာပူစီ နဲနဲတော့လဲ လိုဦးမယ်
သေပြီးရင်တော့ အလုပ်ကပြီးပြီ
ဆန်ဆေးရေတွေ
အိပ်ရာပျော့ပျော့တွေ
စတော်ဘယ်ရီနံ့ကွန်ဒုံးတွေလဲ
သုံးစွဲနိုင်တဲ့ သတ်မှတ်ရက်ကို ကျော်လွန်ချီတက်နိုင်ဖို့မမြင်
ရင်ထဲမှာတော့
တနေ့တငုံ ဖူး မေ့ကို မယုံဘူးတဲ့
ဘဝနတ်ထံ ငှက်ပျံသလိုပဲ
လေဂယက်ထဲမှာ ယမ်းစလွင့်ပြယ်
မမြင်ရတဲ့လမ်းတွေ
အယူအစွဲမရှိပေမယ့် အလွမ်းပြေ
မသေခင် လူဆင်းရဲတွေရဲ့ ပန်းတွေကို ဝယ်မယ်လေ
လင်းခါး
Nov2022