အမှောင်ခေတ်

၂၄.၀၂.၂၀၂၃

အမှောင်ခေတ်

အမှောင်ခေတ်


တနေ့ထဲနဲ့ ဝါကျ ခြောက်ရာရေးလိုက်ပြီးနောက်

အကြောဆေးသွင်းလိုက်ရတယ်၊

ဝါကျတွေက တကြောင်းနဲ့ တကြောင်း ဆင်တူနီးနီးပဲ

ဘာမှ အားစိုက်ရတာ မဟုတ်ဘူး

ဝါကျကို မြင်လိုက်တာနဲ့ ငါ့အဖြစ်ကို တန်းမိတာမျိုးတွေ၊

ဆရာဝန်က ပြောတယ်

ဦးနှောက်ကို အနားပေးပါတဲ့၊

ဦးနှောက်ဆိုတာ ဘာအလုပ်ရှိတာမှတ်လို့၊

ဝါကျတွေ ငါရေးချတယ်

ကားတစ်စီးပေါ်ကနေ ဘေးကဖြတ်သွားတဲ့

ကားတစီးကို လှမ်းမြင်လိုက်ရသလိုပဲ။

အေးလေ

ဦးနှောက်ဆိုတာ ဘာအလုပ်ရှိတာမှတ်လို့။ ။

လင်းခါး

၂၀၁၅

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.