ဦးကြီးတို့က တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေပါ တဲ့

၁၁.၀၂.၂၀၂၃

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်

ဦးကြီးတို့က တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေပါ တဲ့

အဘိုးအိုရပ်နေတဲ့ မြေမာမို့မို့ပေါ်ကနေ

များများ မမြင်ရပါ

ငှက်ကလေးတွေ ပျံနေတာ စပါးစျေးတွေ ပျံနေတာမှမဟုတ်ဘဲ

မိုးကုပ်စက်ဝိုင်းကြီးကျယ်သလို အဘိုးအိုမှာ

လယ်ကျယ်ကျယ်မှ မရှိဘဲ

စာခြောက်ရုပ်တွေ ထောင်လျက်မြဲမြဲရပ်နေပေမယ့်

အဘိုးအိုလဲတော့မယ်။

အဘိုးအိုရဲ့ အဖေက ပြောသွားတယ်

လယ်သမားမှန်ရင် ဖယ်ရှား/ပယ်ထားခံရမယ်တဲ့။

ခေတ်အဆက်ဆက် လယ်သမားများ

ဘ၀အဆက်ဆက် မြေယာဥပဒေများ

ဘဏ်ရုံးထဲက ဒင်္ဂါးအရေး စဉ်းစားတွေးစရာများ

အခုလည်း

`လယ်သမားတွေ ဥာဏ်နည်းပါတယ်´ တဲ့

`လယ်သမားတွေ ဘာနားလည်တာမှတ်လို့´ တဲ့

`ဒီကောင်တွေက ဆန္ဒပြသတဲ့လား´ တဲ့

တစ်ခါတုန်းကများဆို

`ဦးကြီးတို့က တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေပါ´တဲ့

ဒီလိုနဲ့

ရာသီဥတုက သတ်

ဗျူရိုကရက်က သတ်

တိုင်းကျိုးပြည်ပြု ကိုယ်တော်များက သတ်သတ်နဲ့

အဘိုးအိုရဲ့ အဖေကပြောသွားတယ်

`မင်းတို့ ငါတို့များ မိန်းမဆို ဖာဖြစ်တာကြာလှပေါ့´ တဲ့။

လင်းခါး

ဒီဇင်ဘာလ - ၂၀၁၂ (ရနံ့သစ်မဂ္ဂဇင်း)

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.