စကားပြေအရေးအသား

လေပရဝုဏ်
လေပရဝုဏ် ၂
၁၈.၀၂.၂၀၂၃

လေပုရဝဏ် ၂ သူငယ်ချင်းတယောက်က ပြောတယ်။ ငါရောက်တာ လေးလရှိပြီ။ လမ်းကြိုလမ်းကြား၊ တဦးနဲ့တဦးကြား နှံ့လို့ လောင်းရဲတယ် သူငယ်ချင်း ဒီမှာ ပျော်စရာ မရှိတာ သေချာတယ်ကွာ တဲ့။ အဲဒီအချိန်ရှေ့မှာ နဂံခြားသူ ဆယ်ကျော်သက်မလေး သုံးယောက် အိမ်ရှေ့က ဖြတ်သွားရင်း တယောက်က ငါ့ကို ကြည့်ရင်း ပြုံးသွားတယ်။ နှာခေါင်းစည်းအောက်က အပြုံးဆိုပေမယ့် သိသာထင်ရှားတယ်။ ဒါပေမယ့် အဓိပ္ပါယ်က ဝေခွဲရခက်။ ငါလဲ ကွဲကွဲနဲ့ ပျော်စရာမရှိတာ သေချ

ကဗျာသမားရဲ့မှတ်စုများ
lynnkharnote 41
၁၃.၀၂.၂၀၂၃

#LynnKharNote 41 သံသရာတလျှောက် သုံးဆယ့်တစ်ဘုံလုံး၌ ကြုံခဲ့ဖူးသမျှ ယုန်ပညာရှိတိုင်းသည် နှာစေးနေကြသည်ချည်း ဖြစ်၏။ ဆင်းရဲမွဲတေမှု ဒီဂရီ အမြင့်ဆုံးသို့ ရောက်ရှိသွားသောအခါ လူထု၏ တုံ့ပြန်မှုသည် ပါဝါရိန်းဂျားများကို အနားပေးလိုက်ခြင်းပင် ဖြစ်ပြီး ၎င်းကာလသည် သစ်ရွက်ခြောက်များပေါ်သို့ သစ်ရွက်ခြောက်အသစ်များ ခုန်ဆင်းကြွေကျလေ့ရှိသော ကာလမျိုး ဖြစ်ပါသည်။ လူရွှင်တော်များက ကိုယ်ကြပ်အင်္ကျီများကို ဝတ်ဆင်ကာ ပြက်

လတလရဲ့ပထမဆုံးနေ့
လတလရဲ့ ပထမဆုံးနေ့
၀၅.၀၂.၂၀၂၃

လတလရဲ့ပထမဆုံးနေ့ကိုရောက်လာပြီဆိုရင် နဲနဲတော့ အားအင်ဖြစ်မိတယ်။ အထူးသဖြင့် တဘဝလုံး ပိတ်ဖုံးခဲ့တဲ့ မြူတွေကြားက ထွက်လာသူများအဖို့ ပို၍အားအင်ဖြစ်မိလိမ့်မယ်။ လတလကို စလိုက်တဲ့ ပထမဆုံးစက္ကန့်မှာတင် နှောင်းခဲ့တဲ့ လနဲ့ ချက်ကြိုးဖြတ်နိုင်ခဲ့ပြီလို့ နာကျင်ခဲ့ရသူက တွေးမယ်။ လတလရဲ့ ပထမဆုံးနေ့ထဲ လူသာလျှင် ရောက်လာနိုင်ခဲ့တာပဲ ဘုရားမတာလို့ ကျေနပ်မယ်ဆို ပန်းပွင့်လေးတွေ တွေ့ရမယ်။ ခေါင်မိုးစွန်းတိုင်းက ခိုတွေနဲ့ ဖြတ်သ

scraplk (second edition) 2023
Scraplk 29
၀၂.၀၂.၂၀၂၃

scraplk 29 တခါတလေ လက်ဖက်ရည်ဆိုင်မှာ တယောက်တည်းထိုင်တဲ့အချိန် ကိုယ်နဲ့ သိကျွမ်းတယ်ဆိုရုံလောက် တယောက်ယောက်က လာစကားပြောတဲ့အခါမျိုးမှာ ကျနော်ဟာ မယဉ်ကျေးတဲ့လူ ဖြစ်သွားတာပဲ။ တယောက်ယောက်ဆိုတာက မြို့မျက်နှာဖုံး အရက်သမား ဖြစ်ချင်ဖြစ်မယ် ပန်းခြံစောင့် ဖြစ်ချင်ဖြစ်မယ်။ ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်က မှာနေကျ စားပွဲထိုးလေး ဖြစ်ချင်ဖြစ်မယ်။ တခါတလေကျတော့ မတောက်တခေါက်ဆိုပေမယ့်လဲ စာရေးသူလို့ ပတ်ဝန်းကျင်က သိလာတဲ့အခ

scraplk
ရွှေ့ပြောင်းဘုရား
၂၅.၀၁.၂၀၂၃

အိမ်ကို ဒေသစာရီ ကြွချီတော်မူလာခဲ့တဲ့ ကိုယ်တော်ဟာထိုင်လျက်ကြွရောက်လာခဲ့စဉ်တုန်းကတော့ ရွှေရောင်။ ကိုင်ကြည့်ရင် မျက်နှာတော်ကအစဗြုတ်တွေနဲ့။ ထစ် ထစ် ထစ် ထစ် ဖြစ်နေတယ်။ သို့သော်လည်း တကယ် သပ္ပါယ်တော်မူခဲ့ပါတယ်။ ဘုရားဆိုပေမယ့်လည်း ဥာဏ်တော်ကား ရှိလှ လေးငါးလက်မ ထက်ဝယ်ဖွဲ့ခွေလို့ မျက်လွှာချလို့ အဲဒီအတိုင်း တဆယ့်သုံးနှစ်ကြာတော်မူခဲ့တယ်။ စောင်းတန်းတခုခုကနေ ကိုယ်တော်မြတ်ကြီး ကြွချီတော်မူလာခဲ့တယ်လို့ ကျနော်မျိုး

စကားပြေအရေးအသား
scraplk 23
၂၃.၀၁.၂၀၂၃

scraplk 23 ကိုယ်လွှတ်မထားရင်ဘဲ မလွတ်တော့မယ့် လူတွေကျနေတာပဲ "လွှတ်ထားလိုက်ပါကွာ" လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရတယ်။ ငါ့မှာဆိုရင် မနာလိုစိတ်ကလဲ အရမ်းကြီးတယ်။ တနေ့ တနေ့ မနာလိုရတာနဲ့တင် ဆဲလ်တွေအများကြီး သေဆုံးသွားတယ်။ တယောက်ယောက် သောတာပန် ဖြစ်လို့ ဖြစ်နေပြန်ပြီ။ တယောက်ယောက် စျာန်ရလို့ ရနေပြီ။ မနာလိုစိတ်နဲ့ဆိုတော့ လေညှင်းကလေးနဲ့တောင် ကိုယ်တွေလက်တွေနာတယ်။ ငါ့မှာ ပူလောင်ရလိုက်တာဆိုတာ အချိန်များစွာမှာ န

scraplk
စစ်ရာဇဝတ်
၁၉.၀၁.၂၀၂၃

စစ်ရာဇဝတ် #scraplk စစ်ရာဇဝတ်ဆိုတဲ့ နာမည်ကို သူ့အဖေဘယ်လိုများ ပေးလိုက်သလဲလို့ ကောင်လေးကိုမေးကြည့်တယ်။ သူက မသိပေမယ့်လဲ ကြိုးစားပြီးဖြေနေပုံက နေ့လယ်ဆယ့်တနာရီနေလို ထင်ရှားတယ်။ ဒါပေမယ့် ငါက မော့တောင်မကြည့်ပါဘူး။ သူပြောပုံက ဒီလို အဲဒီတုန်းက ကျနော်တို့နယ်မှာ စစ်ရာဇဝတ်မှုတွေ အရမ်းကို ဖြစ်နေခဲ့တယ်တဲ့။ အဲဒီတုန်းကဆိုတာ သူ့အမေဗိုက်ထဲကနေ သူဗြွတ်ခနဲထွက်မလာရသေးခင် ဗိုက်ထဲမှာပဲ ရှိနေခဲ့သေးတဲ့အချိန်ကိုပြောတာ။

စကားပြေအရေးအသား
scraplk 36
၁၈.၀၁.၂၀၂၃

Scraplk 36 တနေ့မှာ ထိုင်နေကျလက်ဖက်ရည်ဆိုင်က စားပွဲထိုးလေး ဂျီးတွေအပြည့်နဲ့ သူ့လက်သန်းကို သူ့နှာခေါင်းထဲထိုးနေရင်း ငါ့ကိုမေးတယ်၊၊ ဟေ့လူ ရေသန့်တဗူး ဘယ်လောက်ရှိသလဲ သိလား တဲ့၊၊ သုံးရာပေါ့ကွာ ဘာလို့တုန်း လို့ ငါ ဖြေတယ်၊၊ ဟာ မဟုတ်ဘူးလေဗျာ လို့ပြောရင်း သူ နှာခေါင်းကို ရှုံ ့ပွ ရှုံ ့ပွ လုပ်တယ်၊၊ ဗူးကြီးကိုပြောတာဗျ တဲ့၊ သူ့လက်တဖက်ကို တခုခုကို ပိုက်တဲ့ပုံမျိုး လုပ်ပြတယ်၊၊ နှစ်ဆယ်လီတာဝင် ဗူးကြီးကို ဆိုလိုတ

စကားပြေအရေးအသား
scraplk 25
၁၈.၀၁.၂၀၂၃

scraplk 25 တခါတလေ လက်ဖက်ရည်ဆိုင်မှာ တယောက်တည်းထိုင်တဲ့အချိန် ကိုယ်နဲ့ သိကျွမ်းတယ်ဆိုရုံလောက် တယောက်ယောက်က လာစကားပြောတဲ့အခါမျိုးမှာ ကျနော်ဟာ မယဉ်ကျေးတဲ့လူ ဖြစ်သွားတာပဲ။ တယောက်ယောက်ဆိုတာက မြို့မျက်နှာဖုံး အရက်သမား ဖြစ်ချင်ဖြစ်မယ် ပန်းခြံစောင့် ဖြစ်ချင်ဖြစ်မယ်။ ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်က မှာနေကျ စားပွဲထိုးလေး ဖြစ်ချင်ဖြစ်မယ်။ တခါတလေကျတော့ မတောက်တခေါက်ဆိုပေမယ့်လဲ စာရေးသူလို့ ပတ်ဝန်းကျင်က သိလာတဲ့အခါ

ကဗျာသမားရဲ့မှတ်စုများ
lynnkharnote 50
၁၈.၀၁.၂၀၂၃

မာရ်နတ်မင်းမှာ လက်ရုံးတထောင်ရှိသော်လည်း ငါတို့တွင်ကား နှောင်ကြိုးမှအပ ဆုံးရှုံးစရာမရှိပေ။ လွယ်လွယ်ကူကူနှင့် မပျော်ရွှင်တတ်ကြသော ဘုရားစောင်းတန်းမှ လှေကားထစ်များ၊ စံပယ်ပန်းသီသော အပ်ချည်ကြိုးများ၊ ဘုရားခြေရင်းရင်ပြင်တွင် လွင့်ပါးနေကြသော ဖိနပ်ထည့်ကျွတ်ကျွတ်အိတ်မည်းများနှင့်အတူ ငါတို့သည် အဝိဇ္ဇာ ဖုံးပေစွ၊ တဏှာအစွဲ ကြီးပေစွ၊ မကျွတ်မလွတ် ရှိပေစွ။ ထို့ကြောင် ငါတို့သည် မြစ်တဖက်တွင် ရင်ကွဲနာကျ ငိုကျန်ရစ်သော

စကားပြေအရေးအသား
scraplk38
၁၈.၀၁.၂၀၂၃

scraplk 38 အာပုတ်စော်ဟာ တော်တော်ဆိုးတယ်၊၊ နောက်ပြီး ထိန်းချုပ်လို့မရဘူး၊၊ ခွေးတွေရဲ့ရာသီကို ရောက်တဲ့အခါ ခွေးမတွေရဲ့ ကိုယ်အတွင်းပိုင်းကနေ အနံ့တမျိုးထုတ်လွှတ်တယ်၊၊ အဲဒီအနံ့ဟာ ခွေးပုရိသတွေအတွက်တော့ ရူးသွပ်ဖွယ်ပဲ၊၊ တောက်လောက်စေတယ်၊၊ နေ့တဓူဝ အားလုံးကို ဖုံးလွှမ်းပစ်လိုက်နိုင်တယ်၊၊ ခွေးထီးတိုင်းဟာ အနံ့လာရာဆီ မားစ်ဂြိုဟ်ဆီသွားတဲ့ အာကာသယာဉ်တွေလို စုပြုံတိုးဝှေ့သွားကြတယ်၊၊ ပြီးတော့ တက်ခွဖို့ ကြိုးစားတယ်၊၊

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.