မာရ်နတ်မင်းမှာ လက်ရုံးတထောင်ရှိသော်လည်း ငါတို့တွင်ကား နှောင်ကြိုးမှအပ ဆုံးရှုံးစရာမရှိပေ။ လွယ်လွယ်ကူကူနှင့် မပျော်ရွှင်တတ်ကြသော ဘုရားစောင်းတန်းမှ လှေကားထစ်များ၊ စံပယ်ပန်းသီသော အပ်ချည်ကြိုးများ၊ ဘုရားခြေရင်းရင်ပြင်တွင် လွင့်ပါးနေကြသော ဖိနပ်ထည့်ကျွတ်ကျွတ်အိတ်မည်းများနှင့်အတူ ငါတို့သည် အဝိဇ္ဇာ ဖုံးပေစွ၊ တဏှာအစွဲ ကြီးပေစွ၊ မကျွတ်မလွတ် ရှိပေစွ။ ထို့ကြောင် ငါတို့သည် မြစ်တဖက်တွင် ရင်ကွဲနာကျ ငိုကျန်ရစ်သော ခဏ္ဌိက မြင်းကို ချစ်တတ်လာသည်။ စိဉ္စမာဏဉာဏ် သီချင်းကို ညည်းဆိုလာတတ်ကြသည်။ မိစ္ဆာအယူရှိသည်ဟု ဆိုနိုင်သော အသိဉာဏ်တမျိုးကို တောင့်တလာခဲ့သည်။ အို. . . တောစောင့်နတ်၊ တောင်စောင့်နတ်၊ စတုလောကပါလနတ်၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပဿီ၊ ယက္ခ၊ ဂုမ္ဘာန်၊ ဘီလူးတို့ နားရှိလျှင် ကြားပါလော့၊ တရားရှိလျှင် ဟောပါလော့။ ငါတို့သည် ဝိမုတ္တိခေတ်မှ ပါးနပ်သော ဒိဌိများ ဖြစ်သော်လည်း သောတာပန် တည်ပါက နိဗ္ဗာန်မရမီ ခုနစ်ဘဝစပ်ကြား ကွန်မြူနစ်လူ့ဘောင်ကို တည်ထောင်သွားမည်ဟု ကတိပြုပါသည်။
Lynnkharnote 50
ဘဘကားလ် မွေးနေ့သို့