ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်_လင်းခါး
ခေတ်ကရိုက်စစ်တော့ ကဗျာတွေထွက်လာတယ်
၂၇.၀၄.၂၀၂၃

ခေတ်ကရိုက်စစ်တော့ ကဗျာတွေ ထွက်လာတယ် တစ်ပတ်တိတိ ဝါကျတစ်စက်မှ မတိုက်ဘဲ ထားလိုက်တော့ နုံးခွေလာတယ် အရေပြားတွေ ခြောက်လာတယ်။ ဘာမှရေးမထားတဲ့ စက္ကူအညိုနဲ့ အိတ်လုပ်ပြီး မျက်နှာကို စွပ်ထားတော့ စကားလုံးရှူရတာ မဝတော့ဘူး မွန်းလာတယ်။ တစ်ချက်တစ်ချက် နံရံအပြင်က သီချင်းသံလွင့်ပျံကြားရတတ်ပေမယ့် တီးလုံးချည်းသက်သက်ရယ် စာသား မပါဘူး။ ကြိယာနဲ့ ဖြတ်ရိုက်တာ ခံရပါများတော့ မျက်ခွက်မှာလည်း နာမဝိသေသနထပ်နေပြီ။ နံကြားမှာလ

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်
ဦးကြီးတို့က တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေပါ တဲ့
၁၁.၀၂.၂၀၂၃

ဦးကြီးတို့က တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေပါ တဲ့ အဘိုးအိုရပ်နေတဲ့ မြေမာမို့မို့ပေါ်ကနေ များများ မမြင်ရပါ ငှက်ကလေးတွေ ပျံနေတာ စပါးစျေးတွေ ပျံနေတာမှမဟုတ်ဘဲ မိုးကုပ်စက်ဝိုင်းကြီးကျယ်သလို အဘိုးအိုမှာ လယ်ကျယ်ကျယ်မှ မရှိဘဲ စာခြောက်ရုပ်တွေ ထောင်လျက်မြဲမြဲရပ်နေပေမယ့် အဘိုးအိုလဲတော့မယ်။ အဘိုးအိုရဲ့ အဖေက ပြောသွားတယ် လယ်သမားမှန်ရင် ဖယ်ရှား/ပယ်ထားခံရမယ်တဲ့။ ခေတ်အဆက်ဆက် လယ်သမားများ ဘ၀အဆက်ဆက် မြေယာဥပ

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်
နှုတ်ဆက်တယ်
၀၉.၀၂.၂၀၂၃

နှုတ်ဆက်တယ် နှုတ်ဆက်တယ် ကျေးငှက်သာရကာတွေရယ် ဟိုဘက်ဒီဘက် ဖောက်မြင်နေရတဲ့ ငါးလေးတွေရယ် ဘာရှိမလဲ သိချင်စိတ်နဲ့ မြစ်ကို ဖြတ်ကူးလာသူတွေရယ် ကိတ်မုန့်ချိုလေးပေါ်က ယင်ကောင်ရယ် ဒီကဗျာဆီက ဆန်တစ်စေ့ ဆီတစ်စက်မှ မရလို့ ဝမ်းနည်းလှည့်ပြန်သွားရတဲ့ အဖိနှိပ်ခံ မျက်နှာမွဲလေးတွေရယ် နှုတ်ဆက်တယ် အကုန်လုံးကို နှုတ်ဆက်တယ်။ ထွေးခံထဲက အရာတွေမှာလည်း အသားဓာတ် သံဓာတ် ရေဓာတ်တွေနဲ့ အခြား လူ့ကိုယ်ခန္ဓာထဲ လိုအ

ခေတ်ကရိုက်စစ်တော့ ကဗျာတွေထွက်လာတယ်
မိသားစု
၀၄.၀၂.၂၀၂၃

မိသားစု အစ်ကိုက အောင်မြင်တဲ့ တစ်နေ့ ပြန်လာမယ်တဲ့ ၁၂ နှစ်ရှိပြီ စတိုးဆိုင် အခန်းကျဉ်းထဲမှာ ဆယ်တန်းမအောင်တဲ့ အရောင်းစာရေးမလေး အငေါက်ခံထိနေရှာ အဲဒါ ငါ့ညီမလေးပေါ့ အဖေက လူရွှင်တော် သူ့ အနုပညာက အမေ့ မျက်ရည်ခြူဖို့ အမေ့သောက ကတော့ နေလုံးကြီးပမာ ငါ့တို့ဆီမှာဖြာ သိပ် စူးရှ သိပ်ပူလောင် အမေ ဘယ်လောက်ပူမလဲ " မိသားစုဆိုတာ နိုင်ငံတော်ပဲ ဘယ်သူ့ကိုမှ အပြစ်ဖို့နေလို့မရ " " မိသားစု ဆိုတာ ဘာဖြစ်တယ် ည

ခေတ်ကရိုက်စစ်တော့ ကဗျာတွေ ထွက်လာတယ်
သွေး
၀၄.၀၂.၂၀၂၃

သွေး ပုရွက်ဆိတ်အုံလို တော်လှန်သူများအတွက် ရေကာတာကျိုးသလို ကျည်ဆံတွေ။ တော်လှန်သူမိဘများရဲ့ သေပွဲဝင်မှုကို ဆာလောင်နေတဲ့ ကလေးတွေ အစိမ်းလိုက်မြင်ခဲ့ရ။ တော်လှန်သူအစ်ကိုများရဲ့ လမ်းခုလတ်ကျဆုံးမှုကို မွတ်သိပ်နေတဲ့ ညီငယ်တွေ အစိမ်းလိုက် ကြေကွဲရ။ ကမ္ဘာကြီး ပြသမျှရုပ်ရှင်တွေထဲ ဘယ်တော့မှ မေ့မသွားတော့မယ့် အခန်းပါပဲတဲ့။ တော်လှန်သူတွေဟာ လေယာဉ်ပျံကို ခဲနဲ့ထုတာမဟုတ် လမင်းကို မျှော့ကွင်းနဲ့ပ

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်
ပြည်သူ့အသံ
၂၃.၀၁.၂၀၂၃

ပြည်သူ့အသံ သူ့ဘာသာသူ ‌ခွေ အိပ်နေတဲ့ ခွေး ခွေးကိုနင်းရင် ခွေးကိုက်ခံရတတ်တာပဲ။ လယ်သမားဆိုတာ လယ်ထဲနေရမှာ ဘာလို့ လမ်းပေါ်ရောက်လာရသလဲ ကျောင်းသားဟာ စာသင်ခန်းထဲ ရှိရမှာ ဘာလို့ လမ်းပေါ်ထွက်လာရသလဲ အလုပ်သမား လုပ်ငန်းခွင်ထဲ တွေ့ရမှာ ဘာလို့ လမ်းပေါ်တက်လာရသလဲ သံဃာဟာ ကျောင်းသင်္ခမ်းမှာ တရားအားထုတ်ရမှာ ဘာလို့ လမ်းပေါ် မေတ္တာသုတ်ရွတ်နေရသတဲ့လဲ သူ့ဘာသာသူ နေရမှာ ဘာလို့ ဘာကြောင့် ဘာအတွက် ဘယ်အရေးန

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်
ခံရတော့ကလေးတွေ
၁၉.၀၁.၂၀၂၃

ခံရတော့ကလေးတွေ ကမ္ဘာပြားပြီဆိုပြီး အဲဒီကောင်တွေ ဖောက်ပြန် ၊ အာရှတန်ဖိုးဆိုပြီး အဖိနှိပ်ခံတွေရဲ့ ခြေထောက်ကို တက်နင်း ၊ ခံရတာ ကလေးတွေပဲ ။ စစ်ကြီးဟာ ခေတ်ကြီးကို မီးခိုးမှိုင်းတိုက်လိုက် ၊ ခေတ်ရဲ့ဖင်ကနေ ခေါင်းအထိ သပ်လျှိူ ရိုက်သွင်းလိုက် သေရတာ ကလေးတွေပဲ ခံရတော့ ကလေးတွေပဲ ။ ငွေစက္ကူ ပေါ်ကဂဏန်းတွေ ကြီးလာ ၊ ဘုရားဟာ ရွှေသားအတိ လုံးတော်ပြည့်ဖောင်းလာ ၊ နိုင်ငံတော်အဆင့် သူခိုးတွေရဲ့ နိုင်င

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်
လူငယ်တယောက်
၁၉.၀၁.၂၀၂၃

လူငယ်တစ်ယောက် မြနေတဲ့ ဝါကျနဲ့ ဂစ်တာကို ဓါးလို လွယ်ထားပေါ့ ထိုလူငယ်တစ်ယောက် ဘယ်ဘက်လက်မောင်းမှာ တယောနဲ့ တယောပေါ်က စာအုပ်တစ်အုပ်ပုံ မင်ကြောင်ထိုးထားတဲ့ လူငယ်တစ်ယောက် လက်ဖက်ရည်ဆိုင် စားပွဲထိုးကို ငေါက်မိတယ် ငေါက်ပြီး ပြန်ဝမ်းနည်းနည်းနေတတ်တဲ့ လူငယ်တစ်ယောက် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဘောလုံးလို ပစ်ကန်ထည့်လိုက်ပြီး မင်းမဲ့ဝါဒီကိုလည်း မီးတောက်လို တောက်ထုတ်ပစ်ခဲ့ ၎င်းလူငယ်တစ်ယောက် အိမ်ပေါ

ခေတ်ကရိုက်စစ်တော့ကဗျာတွေထွက်လာတယ်
ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း
၁၈.၀၁.၂၀၂၃

ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း သူရဲကောင်းဆိုရင် ငါတို့ကိုယ်၌က ငုယင်ဗန်ထရွိင်းကို သတိရ ကင်းဂျူနီယာကို သတိရ ချေ ဂွေဗားရား စပါတာကပ်ကို သတိရ ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးကိုတော့ မေ့နေကြလေရဲ့။ စကြာဝဠာတစ်ဖက်စွန်း ခရီးထွက်နေတဲ့ ဟေလီကြယ်တံခွန်ကြီးကို မေ့သလို အန္တာတိကတိုက်ကြီးကို မေ့သလို ငါတို့မေ့နေကြ။ အနောက်ဖက်က နေဝင်ဆည်းဆာကိုငေးချင်တာနဲ့ အရှေ့ဘက်က လင်းအရုဏ်ကို ငါတို့

အလယ်ရိုးမကဗျာဆု(၂၀၁၅)
ငါလွမ်းတဲ့အကြောင်း
၀၉.၁၂.၂၀၂၂

ငါလွမ်းတဲ့အကြောင်း ____________________လင်းခါး လွမ်းတဲ့အကြောင်းဟာ လက်ထိပ်ကြီးနဲ့ဆိုတော့ မသင့်လျော်၊ သတင်းဌာနတွေကလည်း ခေါင်းကဒဏ်ရာတွေကိုပဲ ကြေညာပြီး နှလုံးသားက လွမ်းတဲ့အကြောင်းကို ပုဂ္ဂလဖိုင်ထဲပဲ ညှပ်ထားတယ်။ ငါလွမ်းတုန်းက အဖိနှိပ်ခံ ငတ်ပြတ်သူတွေကြားထဲဆိုတော့ ငါ ပြောမထွက်ဘူး။ ငှက်ဖျား အပြင်းအထန်ထနေတဲ့ လူနာရှေ့ လေစိမ်းမိပြီး ဖျားတာလောက်ကို မညည်းချင်သလိုပေါ့။ ငါလွမ်းလို့ ကောင်းနေတုန်း

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.