ငါးမိနစ်စာမိတ်ဆွေသို့နှင့်အခြားကဗျာများ

ငါးမိနစ်စာမိတ်ဆွေသို့နှင့် အခြားကဗျာများ
အရေးတော်ပုံလင်မယား
၁၃.၀၂.၂၀၂၃

အရေးတော်ပုံလင်မယား ကြက်ကလေးငှက်ကလေးလို အရေးတော်ပုံကို လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကဖမ်းသွားတော့ သူ့ချစ်သူဟာ အဲဒီစိတ်နဲ့ ရူးသွားတယ် အဲဒီကနောက် ကြားကာလမှာတော့ နိုင်ငံရေးအပြောင်းအလဲတွေကို ဟိုလူရှဲ ဒီလူရှဲ သနားဖို့ကောင်းတဲ့ ချစ်စရာအရူးမကလေးကလွဲ ဗဟုသုတတွေတောင် ဗဟုသုတမဲ့ကုန်ကြတယ်ထင်တယ် ငယ်ဂုဏ်ကလေးနဲ့တုန်းကတော့ လှတယ် လွယ်လဲလွယ်တယ် ဟင့်အင်းကို အလွယ်တကူကျော်ဖြတ်တယ် ကြောက်ရွံမှုကနေ ထမင်းချိုးဟင်း

ငါးမိနစ်စာမိတ်ဆွေသို့နှင့် အခြားကဗျာများ
နှင်းရေ
၁၂.၀၂.၂၀၂၃

နှင်းရေ ငါတို့ဆီမှာ နှင်းမကျတဲ့အကြောင်း ပြောကြတော့ ဘယ်သူ့ဆီကမှ မှန်ကန်တိကျတဲ့ အဖြေမရ ငါတို့ ထင်တာတွေတော့ ငါတို့ပြောကြသတဲ့ စားပွဲက ငါတို့ငှားထားတာ အစားအသောက်ကလဲ ငါတို့မှာထားတာ ဒါနဲ့ ငါတို့ဆက်ပြောကြတယ် "ငါတို့ဆီမှာ ဘာလို့ နှင်းမကျလဲ" ငါတို့ဟာ နှင်းနဲ့ မထိုက်တန်လို့ ဖြစ်မှာပေါ့ တဲ့ တယောက်ကပြောတော့ နှင်းက ငါတို့နဲ့ မထိုက်တန်တာရော မဖြစ်နိုင်ဘူးလား ပေါ့ နှင်းဟာ စကားလုံးပဲ ရှိတဲ့ အရာလိုပဲ

ငါးမိနစ်စာမိတ်ဆွေသို့နှင့် အခြားကဗျာများ
တော်ပါတော့
၀၅.၀၂.၂၀၂၃

တော်ပါတော့ မင်းတနေ့လုံး ဒါတွေချည့် ပြောနေတာ မင်းမှာ လျှာနှစ်ချောင်း အသံအိုးနှစ်ခု ပါနေလို့လား တင့်ကားလိုပဲ အားလုံးကို နင်းချေနေတာ ရထားတောင် ဂျုံးဂျုံးနဲ့ ဂျက်ဂျက်ကြား နားသေးတယ် ပုရွတ်ဆိတ်တောင် တကောင်နဲ့တကောင်ခြားသေးတယ် တော်ပါတော့ အောင်ပွဲခံအခုံးလို မင်း ပါးစပ်ကို ပိတ်လိုက်စမ်း ဟေ့ ဒီမှာ ငါပြောနေတာကို စောက်ဖက်လုပ်ဦး ဝက်ထီးကန်တွေ ဆိန်းမြစ်တွေ အာဝေနိက ဒုက္ခတွေ ရော့ခ်အန်ရိုးတွေ တော်ပါတေ

ငါးမိနစ်စာမိတ်ဆွေသို့နှင့် အခြားကဗျာများ
ဝန်ဆောင်မှုကို ရပ်မည်ဆိုပါက ခေတ်ကိုနှိပ်ပါ
၃၁.၀၁.၂၀၂၃

ဝန် ဆောင်မှုကိုရပ်မည်ဆိုပါက ခေတ်ကိုနှိပ်ပါ တစုံတယောက်ဟာ ခံစားနေပြီဆို တစုံတယောက်ဟာ ရန်များနေပြီ အသစ်ပြုလုပ်ရတာလဲ ဟင်းအိုးချွေးလှပ်ရသလောက်ကို လွယ်ပြီ နေကာမျက်မှန်ကြီးတပ် ဟာကြူလီဘီးကြီးစီးရတဲ့ခေတ်က ကုန်ပြီ ကျနော် ကျမတို့ဟာ အနာမပျောက် သေး အခြားကျနော်ကျမများက အဆာမပြေသေး ခေတ်တခုကနေ ခေတ်တခုကိုပြောင်းတယ်လို့ ငါ့ ညီ ခုနက ပြောတာ ကြားလိုက်တယ် ဘယ်လို ဆုံးဖြ

ငါးမိနစ်စာမိတ်ဆွေသို့နှင့်အခြားကဗျာများ
အချစ်နဲ့ ဟင်းလင်းပြင်
၂၃.၀၁.၂၀၂၃

အချစ်နဲ့ ဟင်းလင်းပြင် ငါ ငိုနေစဉ် မုန်ညှင်းတွေ ချဉ်သွားခဲ့ မင်း ရယ်နေတုန်း ဒိုင်နိုဆောတွေ မျိုးသုဉ်းခဲ့ ငါ အိပ်နေတုန်း *ဇီမာလမ်းဆုံ* *အနာဂတ်အတွက်ကဗျာ* *ပန်းခြံအတွင်း၌ ကျဆုံးသူများ* ကြီးမြတ်တဲ့ ကဗျာတွေ အချိန်နဲ့ ဟင်းလင်းပြင်ထဲ တွားသွားနေကြ၊ နောက်နှစ်တသန်းမှာ ပိရမစ်ကြီးတွေ ကမ္ဘာပေါ်က ပျောက်သွားမယ် တဲ့ အချစ်ရေ လယ်ပြင်မှာ ဆင်များသွားနေ စကြာဝဠာကြီး ရူးမိုက်စွာ ကျယ်ပြောပြန့်ကားနေ မင်

ငါးမိနစ်စာမိတ်ဆွေသို့နှင့်အခြားကဗျာများ
ချိန်းတဲ့ညနေ
၂၁.၀၁.၂၀၂၃

ချိန်းတဲ့ညနေ လေယာဉ်ဆင်းသက်တာနဲ့ လေယာဉ်ပျံတက်သွားတာ ဘယ်မြင်ကွင်းကို ပိုသဘောကျသလဲ တဲ့ ငှက်အော်သံကို ကြားရတဲ့အခါ ငှက်ကို မြင်ချင်စိတ်ဖြစ်သလား တဲ့ အဲဒီလို မေးခွန်းတွေ ငါဖြင့် တဘဝလုံး မဖြေဆိုဖူးဘူး ကောင်မတွေနဲ့ဖြီးနေတာပဲ ပြောစမ်း ဘာတွေသဘောကျနေတာလဲ ဟွန့် ထမင်းစားပြီးပြီလား ချစ်ရဲ့လား လို့ မေးနေတာဖြေလေ . . . စသဖြင့် ဒီလိုတွေ ရိုးရှင်းပါတော့လား ဂနာမငြိမ်တဲ့ မျောက်လို မေးခွန်းများ မြ

ငါးမိနစ်စာမိတ်ဆွေသို့နှင့် အခြားကဗျာများ
ယနေ့တလမ်းသွား
၁၈.၀၁.၂၀၂၃

ယနေ့တလမ်းသွား ချိန်းကြိုးစက်သီးကြီးများဖြင့် တဗျစ်ဗျစ်ဆွဲတင်လိုက်သည့်အခါ ယနေ့သည် ပုံပျက်ကာ ရောက်ရှိလာရပြီ ယနေ့ကို ကတ်ထူခန့်ချုပ်အဖုံးများဖြင့် မွှမ်းမံထားသည် နေပြင်းလျှင် ကော့တက်လာပြီး ရေစိုလျှင် ပြဲရွဲသွားတော့မည် လူစုစုမို့ ပြေးကြည့်မိရာ ယနေ့သည် ဝါဒအသစ်၊ လမ်းလယ်ရုတ်တရက်ဟာသ၊ အချစ်တပွဲ စသဖြင့် မဟုတ်ဘဲ ယနေ့မှာ တွေဝေစရာကြီးပင် ယနေ့သည် အတိတ်ကာလကြာပွတ်များအတိုင်း ခုများကြည့်တော့ အရည်

ငါးမိနစ်စာမိတ်ဆွေသို့နှင့်အခြားကဗျာများ
ပိုမြန်လေ ပိုလေးလေ
၁၈.၀၁.၂၀၂၃

ပိုမြန် လေ ပိုလေးလေ အပွင့်ထက် အရွက်က ပိုဆန်းကြယ် တိမ် တွေထက် နွားရေက ပိုအကွက်လှ တံတွေးထွေး အဝေးပြိုင်တဲ့ အရွယ်ပဲ ခွေးထက်ပိုအူတဲ့ မီးခိုးပဲ ငယ်ရတာ မုန့်ချိုတခဲမှန်း မသိတော့ ခိုလည်ပင်းကို ပစ်လိုက်မိတယ် စီးနေတဲ့ မြစ်ထက် ထွန်းနေတဲ့ သောင်က လွမ်းစရာ ပိုကောင်းခဲ့ပြီ။ ။ လင်းခါး 2-jan-2018

လူငယ်တယောက်၏စိတ်ကူးယဉ်ရုပ်ဝါဒ
လူငယ်တယောက်၏ စိတ်ကူးယဉ်ရုပ်ဝါဒ
၁၈.၀၁.၂၀၂၃

လူငယ်တယောက်၏ စိတ်ကူးယဉ်ရုပ်ဝါဒ သခင်ဘဟိန်း ပန်းချီကားအောက် လူတယောက် ထိုင်နေ သူနံဘေး ခွေးမတကောင် ရှေ့လက်နှစ်ဖက်ပေါ် ခေါင်းတင်လျက် ချစ်ကြင်ပြီးစ ခွေးနှစ်ကောင်ရဲ့ ခွာမရတဲ့ တရားကို ငေးနေတယ် စနစ်ဟာ ထိုးသွင်းဆက်ဆံခံရမှုတွေများလာ ပန်ကာတလက် လေးစက္ကန့်ခွဲတခါ လှည့်လှည့်လာ လေအေးအေးနှင့် ဓနရှင်လောကများ တိုက်ခတ်သွား ဗျိုင်းတကောင်ကိုလည်း မြင်ရ မီးပွိုင့်ကိုလည်း မြင်ရ အပူပိုင်းဒေသလည်းဖြစ် ရေပ

ငါးမိနစ်စာမိတ်ဆွေသို့နှင့်အခြားကဗျာများ
ရှည်လျားသောမိုး
၁၈.၀၁.၂၀၂၃

ရှည်လျားသောမိုး မုတ်ဆိတ်ရိတ်တယ်၊ မိုးရွာတယ်၊ သတင်းစာဖတ်တယ် အိပ်မက်ထဲကအတိုင်းပဲ ကျပ်တည်းတယ်၊ လေကြောရှည်တယ်၊ အတိုက်စားခံရတယ် ရှေးဘဝကအတိုင်းပဲ တောင်ကုန်းပေါ်တက်တော့ လေကတိုးတုန်းပဲ ချောက်ထဲဆင်းတော့ နားအူတုန်းပဲ လွန်ခဲ့တဲ့ ဆယ်နှစ် အနှစ်နှစ်ဆယ်တုန်းက ကျွမ်းခဲ့တဲ့မီးသီး အချည်းနှီးပေမယ့် ဓာတ်တိုင်မှာရှိတုန်းပဲ ဘာကိုပျော်ရမှာလဲ ဘယ်သူ့ကို ပျော်ခိုင်းနေတာလဲ မုတ်သုံလမ်းတလျှောက် မိုးထဲ အဖိုးနည်း အ

ငါးမိနစ်စာမိတ်ဆွေသို့နှင့်အခြားကဗျာများ
လူငယ်ခေတ်ဟောင်းဝါဒီ
၁၀.၁၂.၂၀၂၂

လူငယ်ခေတ်ဟောင်းဝါဒီ ကမ္ဘာဦးကတည်းက သက်တံတွေ ငါ ချစ်တယ် ကမ္ဘာဦးကတည်းက ကမ္ဘာကြီးမို့ ငါချစ်တယ် ငါ့အိတ်ကတ်ထဲ အမြဲ ငွေစက္ကူအဟောင်းတွေ သိမ်းထား ငါ့ ဖုန်းထဲ ခေတ်ဟောင်းတေးချည့် ငါကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ကောင်ပဲ Midnight In Paris ဟာ ငါအကြိုက်ဆုံးရုပ်ရှင်ပဲ အချိန်ခရီးသွားခြင်းနဲ့ warmhole ဆိုရင် ငါမျက်မှောင်ကြုတ်ဖတ်နေမိတာပဲ နားလည်လှတယ်ရယ် မဟုတ်ဘဲနဲ့ပေါ့ ၁၉၃၀ လောက်က ပါရီကို ငါ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.