အနာဂတ်လို့ပြောပြောပြီး နအုံတွေချည့် ဖုန်ခါပေးနေ
၀၄.၀၂.၂၀၂၃အနာဂတ်လို့ပြောပြောပြီး နအုံတွေချည့် ဖုန်ခါပေးနေ
#lkessayden 73
တနေ့က အသီးအနှံလေး နည်းနည်းဝယ်ဖို့ စျေးဘက်လမ်းလျှောက်ရင်း မြင်ကွင်းတခုကို အင်မတန်မှကို ကျက်သရေယုတ်စွာ မြင်လိုက်ရတယ်၊၊ လူနှစ်ယောက်က ဆယ်နှစ် ဆယ့်တစ်နှစ်အရွယ်လောက်သာရှိဦးမယ့် ကလေးတယောက်ကို တယောက်က လက်ကိုဖျစ်၊ တယောက်က ကုပ်ကို ညှစ်လို့ အတင်းဆွဲခေါ် လာတာကို မြင်လိုက်ရတယ်။ လက်တဖက်က လည်ကုပ်ကိုကိုင် ညှစ်ထားရင်း ကျန်တဲ့တဖက်ကလဲ ကလေးကို နားအုံတွေ