ရှေးဟောင်းမျောက်မ-တီရှပ်မြစ်

ရှေးဟောင်းမျောက်မ-တီရှပ်မြစ်
ရေသေအိုင်ရောက် အမှတ်တရ
၁၄.၀၂.၂၀၂၃

● ရေသေအိုင်ရောက် အမှတ်တရ ကျနော့်မှာ နားနေချိန်ရယ်လို့မရှိတာ တနှစ်လောက်တောင် ရှိသွားပြီ။ ကျနော် အမြဲတမ်းအားနေတာ ကျနော့်အလုပ်က ကလေးထိန်းတာ စာဖတ်တာနဲ့ လျှောက်တွေးတာ ဒါပဲရှိတယ်။ အမြဲတမ်းအားနေတော့ အမြဲတမ်းက နားနေချိန်လို ဖြစ်နေတော့ နားနေချိန်ဆိုတဲ့ အလုပ်လုပ်စရာ တပြုံတခေါင်းကြီးကို ပြီးအောင်လုပ်ပြီး အလုပ်တွေတော့ပြီးပြီ အေးအေး ဆေးဆေး အနားယူပစ်မယ်ဆိုတာမျိုးမရှိတော့။ နားနေချိန်အရသာဆိုတာကို မသိတော့ဘူးလေ

ရှေးဟောင်းမျောက်မနှင့် အခြားအက်ဆေးများ ၂၀၁၉
ကြွက်နဲ့ခွေး
၁၄.၀၂.၂၀၂၃

ကြွက်နှင့်ခွေး မနေ့ညက ၁၂ နာရီလောက်တွင် ကြွက်လှောင်အိမ်ထောင်ချက်ထဲ ကြွက်တကောင် မိသည်။ ငါးပေါက်စကို ချိတ်ထားသော သွပ်နန်းကြိုးကို ကြွက်က လှမ်းဆွဲလိုက်သောအခါ လှောင်အိမ်တံခါး၏ ဗြုန်းခနဲ ပိတ်သွားသံသည် ၎င်းကြွက်အား အလွန့်အမင်း ထိတ်လန့်ကြောက်ရွံ့သွားစေမည် ထင်သည်။ ၎င်းအသံကြောင့် ကျနော်သည် စာဖတ်နေရာမှ ထ၍ လှောင်အိမ်ကိုကြည့်သောအခါ ကြွက်သည် လှောင်အိမ်အတွင်း ကြောက်လန့်တကြား ပြေးလွှားနေရာမှ ရပ်၊ ငြိမ်သက်လျက်

ရှေးဟောင်းမျောက်မ-တီရှပ်မြစ် အက်ဆေးများ
အိပ်မက်ထဲကခွေးတွေ
၀၆.၀၂.၂၀၂၃

အိပ်မက်ထဲက ခွေးတွေ ကျနော် ခွေးတွေကိုချည့်ပဲ ဆက်တိုက် အိပ်မက်မက်နေတာ နှစ်လလောက်ရှိပြီ။ ဘာဖြစ်လို့မှန်းလည်း မသိဘူး။ အိပ်မက်မက်လိုက်တိုင်း ခွေးတွေက ပါပါလာတယ်။ တခါတလေဆိုရင် အိပ်မက်မက်နေရင်းနဲ့ကို အိပ်မက်ထဲမှာ ခွေးမပါသေးမှန်း သတိရပြီး ခွေးတကောင်ကောင်များ တွေ့ရလေမလားလို့ ကျနော်က ရှာနေသေးတာတဲ့။ ခွေးတွေကလည်း တနည်းနည်းနဲ့တော့ ပါလာတာပဲ။ ကျနော့် အိပ်မက်တွေနဲ့ ခွေးတွေ ဘယ်လိုပတ်သက်နေသလဲ မသိဘူး။ ပထမ တလလောက်

ရှေးဟောင်းမျောက်မနှင့်အခြားအက်ဆေးများ
ရေဒီယိုထဲက ခေတ်ကြီး
၂၆.၀၁.၂၀၂၃

ရေဒီယိုထဲက ခေတ်ကြီး ကျနော့်မှာ ရေဒီယိုတလုံး ရှိခဲ့ဖူးတယ်။ ရေဒီယို တလုံး ဆိုပေမယ့် တလုံးပျက်ရင် တလုံး၀ယ်၊ တလုံးထပ်ပျက်တော့ နောက်တလုံး၀ယ်နဲ့ ရေဒီယိုနားထောင်တဲ့ နှစ်အနည်းငယ်အတွင်း စုစုပေါင်းဆိုရင်တော့ ငါးလုံး။ ကျနော့်မှာ ရေဒီယို ငါးလုံး ရှိခဲ့ဖူးတယ်ပေါ့။ အခုထက်ထိ ကျနော့်စာအုပ်တွေကြားမှာ ကျနော် နောက်ဆုံးသုံးခဲ့တဲ့ ကြက်သွေးရောင်ဖျော့ဖျော့ တက်ဆန်ရေဒီယိုလေးဟာ လိုင်းဖမ်းတဲ့ စတီးတိုင်လေး တ၀က်ကျိုးလျက် ငြိ

ရှေးဟောာင်းမျောက်မနှင့်အခြားအက်ဆေးများ
ငယ်ငယ်တုန်းက အစ်ကိုကြီးတွေ
၂၁.၀၁.၂၀၂၃

ငယ်ငယ်တုန်းကအကိုကြီးတွေ ကျနော်ငယ်ငယ် လေးငါးခြောက်တန်း ခုနစ်တန်း အရွယ်က ရပ်ကွက်ထဲ နှစ်ဆယ့်ကိုး သုံးဆယ်အရွယ်၊ အဲဒီကနေ သုံးဆယ့်ငါးအရွယ် အကိုကြီးတွေကို စိတ်၀င်တစား စောင့်ကြည့်ခဲ့ဖူးတယ်။ သူတို့ နေပုံထိုင်ပုံ စကားပြောပုံ စီးကရက်ဖွာပုံ လက်ခလယ်နဲ့ လက်မကိုသုံး သောက်လက်စ စီးကရက်ကို တောက်ထုတ်လိုက်ပုံ လက်လွှဲလမ်းလျှောက်ပုံ ဟန်ပါပါခါးထောက်ရပ်နေပုံ စသဖြင့် အစစအရာရာကိုပဲ။ လူကြီး ဖြစ်ချစ်လှပြီဖြစ်တဲ့ ကလေးတယောက်

ရှေးဟောင်းမျောက်မနှင့်အခြားအက်ဆေးများ
ကျောပေါက်သရဲ
၁၉.၀၁.၂၀၂၃

ကျောပေါက်သရဲ #lkessayden 18 တခါတလေ ကျနော့်မှတ်ဥာဏ်ထဲမှာ ကျနော် တော်တော်ကြီးကို ငယ်တုန်းက ပုံရိပ်တခုပြန်ပြန်ပေါ်လာတယ်။ ဘာပုံရိပ်လဲဆိုတော့ မနက်ခင်းအစောကြီး အလင်းရောင်တောင် မရှိသေးတဲ့အချိန် အမေက တစ်ပေလောက်ရှိမယ့် သံပိုက်လုံးမီးပြောင်းနဲ့ မီးဖိုမီးကိုတောက်လာအောင် မှုတ်နေတယ်။ ကျနော်က မီးဖိုနံဘေးက မီးခိုးပြာတွေထဲ အိပ်ချင်မူးတူးနဲ့ ထိုင်နေတဲ့ပုံ။ အံ့သြစရာကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ မီးဖိုနံဘ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.