လင်းခါးရေးပြီး လင်းခါးကြိုက်နေဆဲကဗျာတွေ

ပါးနုနုသွေးခြည်ဥအောင် ဖြတ်ရိုက်ခြင်း
ပါးနုနု သွေးခြည်ဥအောင် ဖြတ်ရိုက်ခြင်း
၀၅.၀၂.၂၀၂၃

ပါးနုနု သွေးခြည်ဥအောင် ဖြတ်ရိုက်ခြင်း ငါ့မှာ ရှေးရိုးစဉ်လာ အယူအဆအစွဲတွေ ရှိတုန်းပဲ အောင်မြေသွားနင်းတာ၊ အိမ်ထဲမှာ လက်သည်းမညှပ်တာနဲ့ မွေးနေ့မှာ ဆံပင်မညှပ်တာမျိုးတွေ၊ ငါ့မှာ ကြိုရေးထားတဲ့ ကံကြမ္မာနဲ့ ချိန်းတွေ့ဖို့လောက် စိတ်ထက်သန်နေမိတာပဲ။ ငါ့မှာ လုပ်အားကတော့ ကုန်ခမ်းသွားပြီ ဆိုပေမယ့် ငါ့မှာ လိင်စိတ်ကတော့ အထူးနိုးကြား၊ ဆိုပေမယ့် တနေ့ငါးမိနစ်လောက် ဝိပဿနာ အားထုတ်ဖို့လည်း ဆန္ဒကရှိတုန်းပဲ။

ငါးမိနစ်စာမိတ်ဆွေသို့နှင့် အခြားကဗျာများ
ဒေါ်ဝင်းဝင်းမူရယ်
၂၉.၀၁.၂၀၂၃

ဒေါ်ဝင်းဝင်းမူရယ် ကျနော်နှင့် ပတ်သတ်ခဲ့စဉ်တလျှောက်လုံး ဝင်းဝင်းမူဟာ အကြိမ်ကြိမ်အောက်စလွတ်နေခဲ့ဖူးပါတယ် ထိုအောက်စအမှောင်ထဲ သံဆူးကြိုးတွေ အထပ်ထပ် ကတုတ်ကျင်းတွေ ရှည်ရှည်လျားလျားနဲ့ တလတကြိမ်အကြီးအကျယ် သွေးထွက်သံယိုစစ်ပွဲတွေရှိနေမှန်း ကျနော် သတိမမူမိခဲ့ပါ ဝင်းဝင်းမူ ရင်ဘတ်ဟိုက်နေတိုင်း တောင်ကြားလမ်းဟာ ဗုံးဆန်မီးကျည်တွေနဲ့ ဝင်းဝါလင်းထိန်နေလည်း ဝင်းဝင်းမူ ရက်စက်မယ်လို့ ဘယ်သိခဲ့မှာလဲ ဝင

ဆောင်းတိုင်းပြောဖြစ်တဲ့ပုံပြင်
ဆောင်းတိုင်း ပြောဖြစ်တဲ့ ပုံပြင်
၂၆.၀၁.၂၀၂၃

ဆောင်းတိုင်းပြောဖြစ်တဲ့ပုံပြင် ပန်းရောင်သမ်းနေတဲ့ ဆောင်းရဲ့နေ့များကို ရောက်ရှိလာပါပြီ ခင်ဝမ်းက ခရမ်းရောင်လို့ ပြောတယ် ပန်းရောင်သမ်းနေတဲ့ အနားဖတ်လေးတွေက ငြင်းပါလိမ့်မယ် ဆောင်းရဲ့ နေ့များဟာ ညသန်းခေါင် အာသာဖြေသူရဲ့ တံခါးဝကြားကနေ ချောင်းကြည့်တိုးဝင်လာတယ် အရေပြားဆိုတာ စိတ်ပိုင်းဆိုင်ရာ သွပ်ပြားတချပ်ပဲ တုံ့ပြန်မှုပြင်းတယ် ခံစားလွယ်တယ် နားငြီးတယ် အမြဲတမ်းပြုပြင်ပြောင်းလဲနေတယ် ရေရှည်မခံဘူး အ

ဘာတွေနဲ့ဝေ
ဘာ တွေ နဲ့ ဝေ
၁၉.၀၁.၂၀၂၃

ဘာတွေနဲ့ဝေ တွေဝေနေတဲ့ ဟိုက်ဒရိုဂျင် ပူဖောင်းတွေ သစ်ပင်ထိပ်မှာ ရပ်နေ တွေဝေလျက် လဲမှို့တွေ အပေါ်အောက်လွင့်ဝဲ တွေဝေသွားတဲ့ ကမ်းစပ်ကရေများ ပြန်လည်လျှောဆင်းသွားကြ တယောက်မျက်လုံးထဲမှာ တယောက်တွေဝေ တွေဝေမိ အုံးစက်ရာ တွန့်လိပ် တွေဝေသော လိင်ဆက်ဆံမှုများ တိတ်တဆိတ် တွေဝေစွာ နှိုးထခြင်း သစ်ရွက်စိမ်း မိုးစက်တွေကို မော့ကြည့် လက်ပေါ်မှာ တွေဝေမှုတွေ စွတ်စို တွေတွေဝေဝေ ကုတ်ခြစ်မိ လရောင် တွေဝေကြရပြီ အ

ငါးမိနစ်စာမိတ်ဆွေသို့နှင့်အခြားကဗျာများ
လူငယ်ခေတ်ဟောင်းဝါဒီ
၁၀.၁၂.၂၀၂၂

လူငယ်ခေတ်ဟောင်းဝါဒီ ကမ္ဘာဦးကတည်းက သက်တံတွေ ငါ ချစ်တယ် ကမ္ဘာဦးကတည်းက ကမ္ဘာကြီးမို့ ငါချစ်တယ် ငါ့အိတ်ကတ်ထဲ အမြဲ ငွေစက္ကူအဟောင်းတွေ သိမ်းထား ငါ့ ဖုန်းထဲ ခေတ်ဟောင်းတေးချည့် ငါကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ကောင်ပဲ Midnight In Paris ဟာ ငါအကြိုက်ဆုံးရုပ်ရှင်ပဲ အချိန်ခရီးသွားခြင်းနဲ့ warmhole ဆိုရင် ငါမျက်မှောင်ကြုတ်ဖတ်နေမိတာပဲ နားလည်လှတယ်ရယ် မဟုတ်ဘဲနဲ့ပေါ့ ၁၉၃၀ လောက်က ပါရီကို ငါ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.