လူအုပ်ထဲကအထီးကျန်မှု အက်ဆေးစုစည်းမှု

လူအုပ်ထဲကအထီးကျန်မှု အက်ဆေးများ
ဒေါ်စတိုယက်စကီရဲ့ယင်ကောင်
၀၆.၀၂.၂၀၂၃

ဒေါ်စတိုယက်စကီရဲ့ ယင်ကောင် ၀ါဒတွေအကြောင်းကတော့ ပျင်းစရာကောင်းတဲ့ ၀ါကျတွေနဲ့ တည်ဆောက်ထားတာမို့ ဘယ်တုန်းကမှ တမျက်နှာကျော်အောင် ဖတ်ချင်စိတ်မရှိခဲ့လို့ ရေရေရာရာမသိပါဘူး။ ဒါပေမယ့် ကျနော်ဟာ တခါတရံ ကိုယ့်ဘာသာကိုယ် ငါတော့ ငကြောင်ပဲလို့ အတွေးဝင်မိတယ်။ အနည်းငယ်စီ လက်ခံထားတဲ့ ၀ါဒတွေ အများကြီးနဲ့ပေါ့။ ဘာသာတရား ယုံကြည်ကိုးကွယ်မှုကလည်းရှိနေ၊ ဖြစ်တည်မှုပဓာနဝါဒီလည်း ဖြစ်ချင်ဖြစ်နေတတ်၊ လူတန်းစားအသိစိတ်ကလာတဲ့

လူအုပ်ထဲကအထီးကျန်မှု
ဟိုးဝေးဝေးက လေရဟတ်
၀၄.၀၂.၂၀၂၃

ဟိုးဝေးဝေးက လေရဟတ် အရင်တုန်းက နေခဲ့ဖူးတဲ့ အိမ်ရဲ့ ရှေ့မှာတော့ ကြည့်စရာက ဂိုဒေါင်ကြီးတလုံးပဲရှိတယ်။ ကတ္တရာပုံးအဟောင်းတွေကို ပြားပြီး အမိုးမိုး၊ ပတ်ပတ်လည်ကာ။ ဂိုဒေါင်တခုလုံးကို ကတ္တရာပုံးအဟောင်းတွေနဲ့ချည့် လုပ်ထားတာဆိုတော့ ဂိုဒေါင်ကြီးက မဲမဲခြောက်ခြောက်ကြီးပေါ့။ အပြင်ဘက်ကကြည့်ရင် မဲခြောက်ခြောက်ပဲ ဆိုပေမယ့် ဂိုဒေါင်ထဲမှာ ထားတဲ့ပစ္စည်းတွေက ဘိလပ်မြေအိတ်၊ သံချောင်း စတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတ

လူအုပ်ထဲကအထီးကျန်မှု
လစ်တမတ်စက္ကူပေါ်က ဘီလူးပုံ
၀၄.၀၂.၂၀၂၃

လစ်တမတ်စက္ကူပေါ်က ဘီလူးပုံ lkessayden 67 ပြောင်းလဲသွားကြတဲ့ လူတွေကို ကြည့်ရင်းက မအံ့သြဘူးဆိုပေမယ့် နည်းနည်းတော့ တွေတွေဝေဝေ ဖြစ်မိတယ်။ နှစ်များစွာကြာတော့ လူတွေဟာ ပြောင်းလဲကုန်ကြတယ်။ တချို့ လပိုင်းလောက်နဲ့တင် ကိုယ်တံထွေးကိုယ် ပြန်မြိုကြတာ။ ယုံကြည်ချက်တွေ ပြောင်းပြန်ဖြစ်ကုန် ကြတယ်။ ယုံကြည်ချက်တွေ ပြောင်းပြန်ဖြစ်ကုန်တော့ ပြောတဲ့စကားတွေကလည်း ပြောခဲ့တဲ့စကားတွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်တယ်။ ဒီတော့

လူအုပ်ထဲကအထီးကျန်မှု အက်ဆေးစုစည်းမှု
သေးနုပ်သော နေ့စဉ်
၀၂.၀၂.၂၀၂၃

သေးနုပ်သော နေ့စဉ် #lkessayden 85 လေထိုးကျွတ်ဖာဆိုင်ကိုရောက်တော့ လက်မတင်ကလေး ဖီးဆင့်စက်ဘီးစုတ်ကလေးတစီးက ဦးသွားတယ်၊၊ ခဏစောင့်ပါလို့ ရှေ့သွားတွေနဲ့ လမ်းခွဲခဲ့ပြီးတာ ကြာပြီဖြစ်လောက်တဲ့ စက်ဘီးပြင်ဆရာက လေတိုးသံနဲ့ ပြောတယ်၊၊ ပြီးတော့ သစ်ပင်နဲ့ချည်ထားတဲ့ ကြိုးတွေကို ဖြည်ချလိုက်ရင် ဆိုင်ကိုပိတ်ချတဲ့ တံခါးဖြစ်သွားမယ့် လှန်တင်ထားတဲ့ ထရံအမိုးပေါ်မှာ စက်ဘီးကို ကြိုးချည်လိုက်တယ်။ စက်ဘီးဟာ လေထဲမှာ တွဲလွဲ။ ဒေါက

လူအုပ်ထဲကအထီးကျန်မှု နှင့် အခြားအက်ဆေးများ
စောင့်သူကိုယ်နိုက်က ဘေးထွက်ဆိုးကျိုး
၀၂.၀၂.၂၀၂၃

စောင့်သူကိုယ်နိူက်က ဘေးထွက်ဆိုးကျိုး lkessayden 96အလင်းရောင်တောက်တောက်ပပရှိနေသေးပြီး ပူလောင်နေသေးတဲ့ တနေ့သောညနေမှာ အမိုးနိမ့်လွန်းတဲ့ လက်ဖက်ရည်ဆိုင်ကလေးတဆိုင်အတွင်းထဲ ကျနော် ထိုင်နေခဲ့တယ်။ ကျနော်ရေးထားတဲ့ ကဗျာတပုဒ်အတွက် မဂ္ဂဇင်းကိုယ်စား စာမူခ ငါးထောင်ထုတ်ပေမယ့် လူတယောက်ကို စောင့်မျှော်နေခဲ့တာ။ “လာတော့မယ် ရောက်တော့မယ် တံတားပေါ်ရောက်နေပြီ” လို့ လွန်ခဲ့တဲ့ တနာရီလောက်ကတည်းက ဖုန်းထဲမှာ ပြောခဲ့တဲ့လူတယ

လူအုပ်ထဲကအထီးကျန်မှု
၂၀၀၅ တုန်းက
၂၅.၀၁.၂၀၂၃

၂၀၀၅ တုန်းက lkessayden 99 ၂၀၀၅ ခုနှစ်က ကျနော့်အသက် ၁၉ နှစ် ရှိပြီ။ ၂၀၀၅ခုနှစ်တွင် ကျနော်သည် မဂ္ဂဇင်း၌ ကဗျာ ၁ဝပုဒ်ပါပြီး ဖြစ်၍ လေထဲက နေ့ရက်များကို ဖြတ်သန်းနေရသည်။ ကျနော်ကဗျာများကို တဂိုး၏ ကဗျာများကဲ့သို့ နှောင်းလူများက သီချင်းလုပ်ညဉ်းကြမည်ဟု တွေးနေမိ၏။ ဆေးပေါ့လိပ်ကို ကျနော်ခဲနေပုံမှာ မာယာကော့စကီး ဆေးပြင်းလိပ်ခဲနေပုံနှင့် အတော်တူသည်ဟု တွေးမိသည်။ ရွေ့လျားနေကြသော လူအုပ်အတွင်းသို့ ဝင်မိလျှင် ၎င်းလ

နိုင်ဝင်းဆွေအမှတ်ရချက်-လူအုပ်ထဲကအထီးကျန်မှု
နွေတညပိုင်ရှင်ရဲ့ ရေဆန်လမ်း
၂၁.၀၁.၂၀၂၃

နွေတညပိုင်ရှင်ရဲ့ ရေဆန်လမ်း ကျနော့်ရဲ့ လေးနှစ်ခွဲအရွယ်သမီးလေးက စာအုပ်စင်ကနေ စာအုပ်တအုပ် ဆွဲယူပြီး မျက်နှာဖုံးကို စိတ်ဝင်တစားကြည့်နေတယ်။ စာကြည့်တိုက်မှာ စာဖတ်ဖို့ စာအုပ်ရွေးနေတဲ့ အရွယ်ရောက်ပြီး မိန်းကလေးတယောက်လိုပဲ စာအုပ်နာမည်ကို စူးစမ်းနေသလိုလိုပေါ့။ စာမဖတ်တတ်သေးတဲ့ သမီးလေးက ဒီလိုလုပ်နေတော့ ကျနော့်မှာ ရယ်ကလည်း ရယ်ချင် ကျေလည်း ကျေနပ် ဖြစ်နေတယ်။ ခဏနေတော့ သမီးလေးက စာအုပ်ကလေးကို ကိုင်ပြီး ကျနော့်က

လူအုပ်ထဲကအထီးကျန်မှု
ကောင်မလေးသုံးယောက်
၂၁.၀၁.၂၀၂၃

ကောင်မလေးသုံးယောက် လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်လောက်က ကောင်မလေးတယောက်ကို ကျနော် သတိရနေမိတယ်။ ကောင်မလေးက ငယ်သေးတယ်။ တော့်တော်ကို ငယ်သေးတာ။ အလွန်ဆုံးမှ ဆယ့်ရှစ်နှစ်ပေါ့။ အဲဒီတုန်းက တလကို လေးငါးရက်လောက်တော့ဖြင့် သူတက်နေတဲ့ တက္ကသိုလ်ကျောင်းရဲ့ တူညီ၀တ်စုံကလေးနဲ့ ကျနော့်စာအုပ်ဆိုင်ကလေးကို သူရောက်လာတတ်တယ်ထင်တယ်။ ရောက်လာရင် တော်တော်နဲ့ မပြန်တော့ဘူး။ စာအုပ်စင် တစင်နဲ့တစင်ကို ကူးလူးနေတယ်။ စာအုပ်တွေ တအုပ်ပ

လူအုပ်ထဲကအထီးကျန်မှု
ဓာတ်ပုံထဲကလူ
၁၉.၀၁.၂၀၂၃

ဓာတ်ပုံထဲကလူ #lkessayden 89 လွန်ခဲ့တဲ့ တနှစ်ခွဲ ဒါမှမဟုတ် နှစ်နှစ်၊ သုံးနှစ်လည်း ဖြစ်ချင်ဖြစ်လိမ့်မယ်ထင်တယ်။ အဲဒီတုန်းက တရက်မှာ ကျနော်ဟာ အခုခါမှာ မျက်လုံးကိုမှိတ်၊ ခေါင်းကိုထု၊ လည်ကိုညှစ်၊ အံကိုကြိတ် စသည်ဖြင့် ဘယ်လိုစဉ်းစားစဉ်းစား ရှိနေခဲ့တာကလွဲလို့ အခြားဘာကိုမှ မမှတ်မိနိုင်တော့တဲ့ ပွဲအခမ်းအနားတခုထဲကို ရောက်နေခဲ့ဖူးတယ်။ ဘာအထိမ်းအမှတ် ဘာပွဲ မမှတ်မိတဲ့အပြင်၊ ဘယ်မြို့ဘယ်နေရ ာမှာ ကျင်းပတယ် ဆိုတာက

လူအုပ်ထဲကအထီးကျန်မှု
တယောက်တည်းမဟုတ်ပါဘူးလို့ တယောက်တည်းပြောပြောပြီး ငိုကြရတဲ့အကြောင်းများ
၁၉.၀၁.၂၀၂၃

တယောက်တည်းမဟုတ်ပါဘူးလို့ တယောက်တည်းပြောပြောပြီး ငိုကြရတဲ့အကြောင်းများ #lkessayden 97 မိုက်ကယ်ဂျက်ဆင်ရဲ့ ဗီဒီယိုဖိုင်တွေ အတော်များများ ငါကြည့်ဖူးတယ်။ moonwalking ကို ပထမဆုံး စင်ပေါ်မှာ စကတဲ့ဗီဒီယိုကနေ မင်းသမီးကလေးဒိုင်ယာနာနဲ့တွေ့ပြီး အနေခက်နေတဲ့ ဟန်အထိ king of pop ကို ငါအလွတ်ရတယ်။ ၁၉၉၇ မြူးနစ်ရှိုးမှာ you are not alone ဆိုတော့ အကုန်လုံး မီး အမှောင်ချထားတယ်။ လူတွေက မိုက်ကယ်ဂျက်ဆင်နဲ့ အသားကျနေပြီ။

လူအုပ်ထဲကအထီးကျန်မှု
လရောင်အောက်ထွန်ယက်ပြီး မြေမွမွကလေး၌ ပျော်မိခြင်း
၁၈.၀၁.၂၀၂၃

လရောင်အောက် ထွန်ယက်ပြီးမြေမွမွကလေး၌ ပျော်မိခြင်း #lkessayden 95 အချစ်ကို မည်သည့်အချိန်တွင် စတင်ခံစားရသနည်းဟုဆိုလျှင် ကျနော်အချစ်ကို စတင်ခံစားရသည့်အရွယ်မှာ အတော်ပင်ငယ်လွန်းစောလွန်း၍ အတော်ယွတဲ့ သောက်ကလေးဟု အများက ဝေဖန်သမုတ်ပြုကြဦးမည် ထင်ပါသည်။ အချစ်ဆိုသည်ကို ကျနော် လေးတန်းအရွယ်တွင် စသိ ခံစားခဲ့ရပါသည်။ ကျနော်ဧ။်အချစ်မှာ အတန်းဖော်ကောင်မလေးတယောက်ဖြစ်ပါသည်။ ဆရာသော်တာဆွေဧ။် ကျနော့်ဘ၀ဇာတ်ကြောင်းထဲမှ ဇာ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.