သံစက်ရုပ် ၁၁
၁၉.၀၂.၂၀၂၃သံစက်ရုပ် ၁၁
အခုတလော သံစက်ရုပ် နေလို့မကောင်း
အပြင်းအထန် တွေဝေ
သံစက်ရုပ်ဖြစ်ရခြင်းဟာ ဘာလဲလို့
အရက်မူးတိုင်း ရေရွတ်နေတယ်
အိပ်မက်တိုင်းကလဲ အိပ်မက်ဆိုး
ဒြပ်ထုကြီးတော့ အချိန်က သူ့နံဘေးမှာကွေး
ခံစားချက်တွေကလဲ ပုံပျက်
ဒီကြားထဲ အမှန်လွန်သမားတကောင်ရဲ့ပန်းချီကားထဲ
တဘဝလုံး ဆံထိုးကလစ်လှလှေလးယောင်ဆောင်ထားတဲ့
သံစက်ရုပ်တကောင်
ဆံပင်တွေကို စွဲလန်းရင်း မကျွတ်မလွတ်ဖြစ်နေရသတဲ့
သံစက်ရုပ် ငြီးတွားတယ်