၂၀၂၁ နောက်ပိုင်းရေးဖြစ်တဲ့ စာတွေ

ဒါလီနှင့် မှောင်မိုက်သောလမ်းများ (နွေဦးမြိုင်မဂ္ဂဇင်း-အမှတ်၁)
ဒါလီနှင့်မှောင်မိုက်သောလမ်းများ
၁၂.၀၂.၂၀၂၃

"ဒါလီနဲ့မှောင်မိုက်သောလမ်းများ" ဒါလီအိပ်ရာကနိုးတော့ နှစ်နာရီ ဆယ့်ငါးမိနစ်။ တိတ်ဆိတ်မှုထဲ သူ့ဖုန်းထဲကနှိုးစက်ရဲ့ အသံက ကြောက်စရာကောင်းလောက်အောင် တုန်ခါမြည်ဟီးနေတယ်။ နှိုးစက်ကို ပိတ်လိုက်ပြီး ပုခက်ထဲကနေ ခြေထောက်တွေ ထုတ်လိုက်တယ်။ ပြီးတော့ အဆီပြန်နေတဲ့ မျက်နှာကို ပုဆိုးအောက်ပိုင်းနဲ့ သုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက် တယ်။ ဘာမှ မမြင်ရဘူး။ စခန်းရဲ့အနောက်ဘက်တောနက်ကြီးထဲကနေ ဘာကောင်မှန်းမသိတဲ့ အကော

လတလရဲ့ပထမဆုံးနေ့
လတလရဲ့ ပထမဆုံးနေ့
၀၅.၀၂.၂၀၂၃

လတလရဲ့ပထမဆုံးနေ့ကိုရောက်လာပြီဆိုရင် နဲနဲတော့ အားအင်ဖြစ်မိတယ်။ အထူးသဖြင့် တဘဝလုံး ပိတ်ဖုံးခဲ့တဲ့ မြူတွေကြားက ထွက်လာသူများအဖို့ ပို၍အားအင်ဖြစ်မိလိမ့်မယ်။ လတလကို စလိုက်တဲ့ ပထမဆုံးစက္ကန့်မှာတင် နှောင်းခဲ့တဲ့ လနဲ့ ချက်ကြိုးဖြတ်နိုင်ခဲ့ပြီလို့ နာကျင်ခဲ့ရသူက တွေးမယ်။ လတလရဲ့ ပထမဆုံးနေ့ထဲ လူသာလျှင် ရောက်လာနိုင်ခဲ့တာပဲ ဘုရားမတာလို့ ကျေနပ်မယ်ဆို ပန်းပွင့်လေးတွေ တွေ့ရမယ်။ ခေါင်မိုးစွန်းတိုင်းက ခိုတွေနဲ့ ဖြတ်သ

ဝတ္ထုတို
ဒါလီနဲ့စတုတ္တကောင်
၂၅.၀၁.၂၀၂၃

ဒါလီနဲ့စတုတ္ထကောင် - လင်းခါး - ၁ ]]ဒီတကောင်ကတော့ တော်တော် စောက်ကြောတင်းတယ်ကွာ ငါတောင်ဝင်အုပ်ချင်လာတယ်}} မိုးဖွဲဖွဲကြား တဲထဲငုံ့ဝင်လာရင်း အုတ်ကပြောတယ်။ ပြီးတော့ ဖော်တီးနဲ့တွဲထားတဲ့ အမ်အေသရီး သေနတ်ကိုချတယ်။ ဒေါသပြေသေးပုံမရဘူး။ ]]စောက်ရမ်းလေးတယ်ကွာ ငါကလည်း ဒါကြီးဆိုစောက်ရမ်းမုန်း၊ ငါ့အလှည့်ကျလည်း ဒါကြီးချည့်ပဲ တောက်... ကုပ်တွေတောင် ညောင်းတယ်}} ဒါလီက ပုခက်ထဲကနေ အုတ်ရဲ့ ဖြစ်ပျက်ပြောဆိုနေမှုကြီ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.