၂၀၂၁နောက်ပိုင်း ရေးဖြစ်တဲ့ ကဗျာ

ထိုင်နေတယ်
ထိုင်နေတယ်
၁၄.၀၂.၂၀၂၃

ထိုင်နေတယ် ကိုယ်က အဲဒီအနားမှာ ထိုင်နေတယ် ပတ်ဝန်းကျင်ပရဝုဏ်ရဲ့ ကြီးစိုးမှု ထုထည်ကြီးထဲမှာ ဖန်လုံးထဲက ငွေစ‌တစလို ကိုယ်က ထိုင်နေတယ် သက်ရှိတွေကလဲ သက်ရှိဆိုတာထက် လှိုင်းတံပိုးတွေ ဖြစ်နေတယ် ကမ္ဘာကြီးပင်လယ်ရဲ့ လှိုင်းတံပိုးတွေပေါ့ လှတယ်လို့ မြင်ရင်တော့ လှနေတာပဲ ကိုယ်ကအဲဒီအနားမှာပဲ ဖြစ်ပျက်သိဆိုတာထက်ပိုတဲ့ ထိသိစုပ်ဝဲယန္တရားကြီးတခုလို ထိုင်နေတာ တချို့အဖြစ်အပျက်လေးတွေ ကိုယ်ရဲ့ အဲဒီမှာ ထိုင်နေမ

ဓာတ်ပုံ
ဓာတ်ပုံ
၀၂.၀၂.၂၀၂၃

ဓာတ်ပုံ တဘဝလုံး အချိုကုန်ပြီးသား ပီကေတွေ ဆက်ဝါးခဲ့ပေမယ့် တယောက်ကိုတယောက် ဘယ်သူကောက်ကောက်ဆိုပြီး ပစ်ထားခဲ့တဲ့ မိုးရေတွေထဲ သူ ရပ်ကျန်ခဲ့ရတာပဲ တောင်ကုန်းပေါ်က ဖိနပ် ဖိနပ်ထဲစွပ်ထားတဲ့ သွားပေမယ့် ဘယ်တုန်းကမှ မရောက်ခဲ့သူ ခြေထောက်တစုံ သူ အသည်းကွဲနေတယ်ကွယ် ငိုက်မြည်းနေတဲ့ လက်တွေကနေ တစက်စက် ထိုသူ၏ စိတ်ပျက်ဖွယ်ကမ္ဘာငယ်ရေစက်များ မိုးရေထဲမှာ သူ ရပ်နေတာပဲ မိုးရေထဲမှာ သူ ရပ်နေခဲ့တာပဲ မိုးရေထဲမှာ

စက္ကူဖြူဟောစာတမ်း
စက္ကူဖြူ ဟောစာတမ်း
၀၂.၀၂.၂၀၂၃

စက္ကူဖြူဟောစာတမ်း အိပ်မက်တခုတည်း ခြောက်လ မက်မယ် ဝေါ်ကိတတိုင်တည်းနဲ့ နှစ်ရက် ကောင်းမယ် အမွှေးတိုင်တွေကြောင့် အတွေးတွေ နံမယ် ညစ်နွမ်းမယ် ဗေဒင်ဆရာဟာ စိတ်အားတက်ကြွဖွယ် ဟောစာတမ်းစာရွက်ကို သုံးခေါက်ချိုး ထောင်တံတိုင်းပမာ စားပွဲပေါ်တင်လိုက်တယ် တောင်ထိပ်ကို တိမ်မြူဖုံးမယ် တော်လှန်ရေးမှာ အဖေများမယ် သမီးရည်းစားတွေ ကြည်နူးစွာ တဦးဆံပင် တဦး ကြည်ကြည်ဖြူဖြူ ဆွဲကုပ်မယ် တိရစ္ဆာန်လို အော်ဟစ်မယ် ရှုခင်

ခင်ဝမ်း
မိုးရေထဲက ခင်ဝမ်း
၂၆.၀၁.၂၀၂၃

မိုးရေထဲကခင်ဝမ်း မိုးရေထဲမှာ ခင်ဝမ်းကို တွေ့လိုက်တယ် မတွေ့တာကြာပြီ ကိုခင်ဝမ်းရယ် လို့ သင်ကြားထားသလို ပြောမိတယ် နို့ပေမယ့် ခံစားချက်ပါတော့ ငိုသံစွက်သွားတယ် ခင်ဝမ်းအတွက် ငါ ဟာ သူစိမ်းပဲ မိုးရေထဲကခင်ဝမ်းအတွက်ကတော့ တမျိုးဖြစ်သွားမယ် ရင့်ကျက်မှ တွေ့ရတဲ့ အချစ်ဦးလို ဟုတ်တယ် ခင်ဝမ်းဘာပြောရမယ် မသိဖြစ်သွားတယ် ကိုခင်ဝမ်းရယ် ကျနော်သိခဲ့ပါတယ် ခင်‌ဗျားပေးတာတွေ ကျနော်ရခဲ့တယ်လေ လို့ မိုးရေထဲက ခင်ဝမ်

အနဲဆုံးဝါဒီရဲ့အများဆုံးလိုအပ်ချက်
အနဲဆုံးဝါဒီရဲ့အများဆုံးလိုအပ်ချက်
၂၃.၀၁.၂၀၂၃

အနဲဆုံးဝါဒီရဲ့အများဆုံးလိုအပ်ချက် မသေခင် ဆန်ဆေးရေ လီတာ တသန်းဝယ်မယ် အိပ်မက်အရှည်ကြီးတွေ မမက်တာကြာလို့ အိပ်ရာပျော့ပျော့တွေ ဝယ်မယ် စတော်ဘယ်ရီနံ့ ကွန်ဒုံးတဗူးတော့ ဝယ်သွားချင်သေးတယ် နေလုံးနဲ့ ပုရွတ်ဆိတ်ရဲ့ ညာဘက်ပေါင်ကိုတော့ လက်ဆောင်ရလိုက်တယ် ကလေးကာတွန်းတွေအတွက် အသုံးပြုရင် စတီးချောင်းနဲ့ အာတာပူစီ နဲနဲတော့လဲ လိုဦးမယ် သေပြီးရင်တော့ အလုပ်ကပြီးပြီ ဆန်ဆေးရေတွေ အိပ်ရာပျော့ပျော့တွေ စတော်ဘယ်ရီနံ

သေဆုံးသူတို့ရဲ့အသံလွှင့်ရုံ
သေဆုံးသူတို့ရဲ့ အသံလွှင့်ရုံ
၁၈.၀၁.၂၀၂၃

သေဆုံးသူတို့ရဲ့ အသံလွှင့်ရုံ ရေဒီယို အစီအစဉ်တွေထဲက သေနတ်သံတွေက ပြတ်သားကြည်လင်လှ သွေးတွေကို လက်နဲ့ကိုင်ကြည့်လို့ရတဲ့အထိ အသံက စေးပျစ်နေ လမ်းပေါ်ကနေ ပစ်တယ် အိမ်ထဲဝင်ပစ်တယ် အပစ်ခံရလို့ သေသွားတဲ့ သူရဲ့နာရေး သူ့နာရေးပို့ဆောင်သူတွေကို ပစ်တယ် ဖအေ့ရင်ခွင်ထဲက ကလေးတွေကို ပစ်တယ် ကုတင်ပေါ်က အဘိုးအဘွားတွေကို ပစ်တယ် အဖေ အမေတွေကို ပစ်တယ် ဦးလေးနဲ့ အဒေါ်ကို ပစ်တယ် ညီလေး ညီမလေးကိုပစ်တယ် မိဘပြည

၂၀၂၁ နောက်ပိုင်းရေးဖြစ်တဲ့ကဗျာတွေ
အဆင်မပြေပါဘူး သားရီးရာ
၁၈.၀၁.၂၀၂၃

အဆင်မပြေပါဘူးသားရီးရာ ခုမနက်ထဲ ငါရောက်ရှိလာပုံကတော့ တကယ့်ကို အဓိပ္ပါယ်တွေနဲ့ ပြည့်ဝနေတယ် ငါ ဖျားနေတယ် ချောင်းဆိုးလိုက်တိုင်း သလိပ်ဖတ်ဝါဝါတွေက လည်ချောင်းထဲကနေ လျှာပေါ်ထိ ခုန်တက်လာကြတယ် ငါ့ကိုယ်လက်တွေကလဲ ကိုက်ခဲနေလို့ လူရှင်းပြီး တောက်ပနေတဲ့ လမ်းပေါ် တနေ့တုန်းက တစ်ဘက်စေ့လေး တစ်စေ့ကောက်ရသလို ပါရာစီတမောလေး တလုံးလောက်ကို ငါတောင့်တ ဒါပေမယ့် ငါက သက်ဝင်နေတုန်းပဲ စီဘီဒီနဲနဲများတဲ့ ဝိတတ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.