တောင်တန်း ချိုင့်ဝှမ်း လွင်ပြင်
၀၅.၀၂.၂၀၂၃#scraplk
စိတ်အပြောင်းအလဲမြန်တာ ကောင်းမကောင်း မသိပေမယ့် ငါက အတော့်ကို စိတ်အပြောင်းအလဲမြန် တဲ့ကောင်။ လွယ်လွယ်ကူကူနဲ့ကို ပြောင်းလဲတာ။ ဘာမဟုတ်တဲ့ အပရိကလေးတွေနဲ့တောင် စိတ်ထဲ လှိုက်လှိုက်လှဲလှဲဖြစ်ပြီး ဂငယ်ကွေ့ချိုးကွေ့ချင်လိုက်တာမျိုး ခဏ ခဏဖြစ်တယ်။ ဘာမဟုတ်တဲ့ အကြောင်း ကလေးတွေဆိုတာကလည်း နေ့စဉ်ဘ၀မှာ ဖြတ်သွားဖြတ်လာ စီးကရက်မီးညှိရင်း၊ ရေနွေးငှဲ့သောက်နေရင်း ကြုံတတ်တာတွေပဲလေ။ က ားစီးရင်း၊ ရထားစီးရင်း ဘေးတလ